DVB Logo
Home
မြန်မာသတင်း
အမေရိကန်၊ ကယ်လီဖိုးနီးယား အထက်လွှတ်တော်က NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုးကို  ကြိုဆိုဂုဏ်ပြု
DVB
·
May 29, 2023
အမေရိကန်၊ ကယ်လီဖိုးနီးယား အထက်လွှတ်တော်က NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုးကို  ကြိုဆိုဂုဏ်ပြု
Donate to DVB

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် အထက်လွှတ်တော်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးကို ကြိုဆိုကြောင်း တရားဝင်မှတ်တမ်းတင် ဂုဏ်ပြုခဲ့တယ်လို့  NUG ကျန်းမာရေးဝန်ကြီးဌာနက မေလ ၂၈ ရက်နေ့စွဲနဲ့ ထုတ်ပြန် ကြေညာပါတယ်။

မေလ ၂၅ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးနဲ့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်တို့ဟာ အမေရိကန်၊ ကယ်လီဖိုးနီးယား အထက်လွှတ်တော်သို့ NUG အစိုးရကိုယ်စားပြုကာ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှ ဒေါက်တာဇော်ဝေစိုးကို ကယ်လီဖိုးနီးယား အထက်လွှတ်တော်က ကြိုဆိုပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဟာ ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်လို့  ကယ်လီဖိုးနီးယား အထက်လွှတ်တော်က  ကြိုဆိုဂုဏ်ပြုခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးတွေဟာ ပြည်နယ်အထက်လွှတ်တော်အမတ် ဘင်ဂျမင် ဂျေအယ်လ်လန်နဲ့  သီးခြားတွေ့ဆုံပြီး မြန်မာပြည်ရေးရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ NUG ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေကတည်းက အမေရိကန် ပြည်ထောင်စုမှာ ရောက်ရှိနေတာဖြစ်ပြီး လော့စ်အိန်ဂျလစ်မြို့မှာ ကျင်းပတဲ့ ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲကိုလည်း တက်ရောက်ခဲ့ကာ မြန်မာ့နွေဦးတော်လှန်ရေးဟာ နေပြည်တော်နဲ့သိပ်မဝေးတော့ဘဲ တောင်ငူအထိ ရောက်နေပြီလို့ ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013