DVB Logo
Home
မြန်မာသတင်း
အင်းတော်- ဗန်းမောက်ကြား တိုက်ပွဲတွင် စစ်ကောင်စီတပ်က  ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ
DVB
·
May 28, 2023
အင်းတော်- ဗန်းမောက်ကြား တိုက်ပွဲတွင် စစ်ကောင်စီတပ်က  ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်နဲ့ ဗန်းမောက်မြို့နယ်ကြားက ရွာသာယာရွာကို ရောက်နေတဲ့ ခမရ-၄၁၆ ကို မေ ၂၇ ရက် ညနေ ၄ နာရီခွဲက ကျောင်းသားတပ်မတော် Northern ABSDF နဲ့ PDF မဟာမိတ် ပူးပေါင်းအဖွဲ့တို့ကသွားရောက် ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်က တပ်ကြပ်ကြီး ၁ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရသွားတယ်လို့ Northern ABSDF အဖွဲ့က ထုတ်ပြန်ပါတယ်။

ABSDF အဖွဲ့တာဝန်ရှိသု ကိုစောက "ကျနော်တို့အဖွဲ့တွေ အန္တရာယ်ကင်းခဲ့ပါတယ်။ စစ်တပ်က ရွာသာယာကျေးရွာက ရွာသူ ရွာသားတွေကို လက်ပြန်ကြိုးတုပ်ဖမ်းဆီးပြီး လူသားဒိုင်းလုပ်ပြီး မော်တိတ်ဘက်ကို ပြန်လည်ဆုတ်သွားပါတယ် "လို့ ဆိုပါတယ်။

Nothern ABSDF နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေ ပူးပေါင်းကာ  မေ ၂၂၊ ၂၃ နဲ့ ၂၅ ရက်တွေက ပြောကျား တိုက်ခိုက်ခဲရာ အရာရှိနဲ့ စစ်သားတွေ သေဆုံးခဲ့တယ်လို့ Northern ABSDF အဖွဲ့က ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013