DVB Logo
Home
မြန်မာသတင်း
ကရင်နီ ပွိုင့် 5 ပရောဂျက် ရန်ပုံငွေ ၆၅ ရာခိုင်နှုန်းသာ ရထားသဖြင့် ပါဝင်ထောက်ပို့ကြရန် နှိုးဆော်
DVB
·
May 28, 2023
ကရင်နီ ပွိုင့် 5 ပရောဂျက် ရန်ပုံငွေ ၆၅ ရာခိုင်နှုန်းသာ ရထားသဖြင့် ပါဝင်ထောက်ပို့ကြရန် နှိုးဆော်
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ အကြမ်းဖက်စစ်အုပ်စုကို တွန်းလှန်တိုက် ခိုက်နေကြတဲ့ ကရင်နီပြည်က တော်လှန်ရေးသူရဲကောင်းတွေအတွက် ကရင်နီ ပွိုင့် 5 ပရောဂျက်ပြီးဆုံးဖို့ ၄ ရက်သာ လိုတော့တဲ့အချိန်မှာ ၆၅ ရာခိုင်နှုန်းသာ ရရှိထားတာမို့ အားလုံး ပါဝင်ထောက်ပို့နိုင်ဖို့ နှိုးဆော်ထားပါတယ်။

ဒီပရောဂျက်ကိုတော့ တော်လှန်ရေးမှာ အထိအနာဆုံးဖြစ်နေတဲ့ ကရင်နီဒေသအတွက် KNDF ရဲ့ ဗျူဟာကျတဲ့ စစ်ဆင်ရေးတွေအတွက် မရှိမဖြစ် ပစ္စည်း ပွိုင့် 5 အတွက် ရည်ရွယ်ပြီးတော့ ပြုလုပ်တာ ဖြစ်ပါတယ်။

ကမ်ပိန်းကိုတော့ ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်က စတင်ခဲ့တာဖြစ်ပြီး ကရင်နီ ပွိုင့်5 ပရော ဂျက်ကနေ အမေရိကန်ဒေါ်လာ ၄ သိန်း ရရှိနိုင်ဖို့ မျှော်မှန်းထားပါတယ်။

လတ်တလောမှာတော့ ဒီကမ်ပိန်းကို နိုင်ငံအလိုက် FR တွေကနေတဆင့် ပါဝင်နိုင်မှာဖြစ်ပြီးတော့ ကရင်နီရဲ့ မြေပြင်ဝေဟင်ကို ကရင်နီပြည်သူပိုင်ဖို့ တော်လှန်ပြည်သူတရပ်လုံး ပါဝင်ပေးကြဖို့ အကူအညီတောင်းခံထားပါတယ်။

စစ်တပ်အာဏာသိမ်း ၂ နှစ်ကျော်အတွင်း ကရင်နီ (ကယား) ပြည်နယ်ထဲမှာတော့ တိုက်ပွဲ အကြိမ်ရေ ၆၆၀ ကျော် ဖြစ်ပွားခဲ့ပြီး သတ်ဖြတ်ခံခဲ့ရတဲ့ အရပ်သားပြည်သူအယောက် ၃၂၀ နီးပါးနဲ့ စစ်ဘေးရှောင် သေဆုံးသူ ၁၃၄ ယောက်ထိ ရှိလာခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ထားပါတယ်။

ဧပြီ ၃၀ ရက်အထိ ကရင်နီပြည်တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က ၁,၉၉၅ ယောက် သေဆုံးကာ စစ်ကောင်စီယာဉ် ၆၁ စီး ပျက်စီးသွားခဲ့သလို KNDF၊ ပြည်သူ့ ကာကွယ်ရေးတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က ၂၅၉ ယောက် ကျဆုံးခဲ့ကြောင်းလည်း ဖော်ပြပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုကာ မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ကျော် ကြာမြင့်နေခဲ့ပြီဖြစ်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး မြေပြင်တိုက်ပွဲတွေ၊ သပိတ်စစ်ကြောင်းတွေ၊ လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ မတည်ငြိမ်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရတာပါ။

ကရင်နီပြည်နယ်ဟာလည်း မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ ပြည်နယ်တခုဖြစ်နေပြီး အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကရော မြေပြင်ကပါ ထိုးစစ်ဆင်ဖိနှိပ်မှုတွေ ခံနေရတဲ့ ပြည်နယ်တခုဖြစ်ကာ အကြမ်းဖက် သတ်ဖြတ်ခံရမှုတွေ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရမှုတွေနဲ့ပါ ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာတော့ KNDF ထိန်းချုပ်ခဲ့တဲ့ နန်းမယ်ခုံမြို့ကို လက်လွှတ်ခဲ့ရပြီးတော့ လတ်တလောမှာတော့ ကရင်နီပြည်တပ်ပေါင်းစုအနေနဲ့ စခန်းကြီး ၃ ကို သိမ်းယူနိုင်ခဲ့ပြီလို့ ဆိုပါတယ်။

ဒါ့အပြင် ကရင်နီပြည်အတွင်း စစ်ဆင်ရေးနဲ့ စပ်လျဥ်းပြီးတော့ Chain of Command ကိစ္စ ရပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ERO၊ PDF တွေနဲ့လည်း ဆွေးနွေး သဘောတူညီမှု ရရှိပြီးဖြစ်တယ်လို့ KNDF က ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013