DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စုက အစုအပြုံလိုက်သတ်ဖြတ်မှု ၁၄၇ ကြိမ် ကျူးလွန်ခဲ့ဟု ဉာဏ်လင်းသစ်စစ်တမ်းတွင် ဖော်ပြ
DVB
·
May 28, 2023
စစ်အုပ်စုက အစုအပြုံလိုက်သတ်ဖြတ်မှု ၁၄၇ ကြိမ် ကျူးလွန်ခဲ့ဟု ဉာဏ်လင်းသစ်စစ်တမ်းတွင် ဖော်ပြ
Donate to DVB

အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ အပေါင်းအပါတွေဟာ နိုင်ငံတဝန်းမှာ လူ ၅ ယောက် ထက်မနည်း သေဆုံးရတဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း အနည်းဆုံး ၁၄၇ ကြိမ်ကို ကျူးလွန်ခဲ့ပြီး စုစုပေါင်း ၁၅၉၂ ယောက် သေဆုံးခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီကနေ ၂၀၂၃ ခုနှစ်၊ ဧပြီအထိ နိုင်ငံတဝန်းမှာ ကျူးလွန်ခဲ့တာလို့ သုတေသနအဖွဲ့အစည်းတခုဖြစ်တဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပြီး လေကြောင်းကနေ ပါဝင် တိုက်ခိုက်တာကြောင့် လူပေါင်း ၅၀၈ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်တဲ့ဖြစ်စဉ် အနည်းဆုံး ၂၇ ခုရှိခဲ့ပြီး တချို့ဖြစ်စဉ်တွေမှာ လေကြောင်းတိုက်ခိုက်လို့ ထွက်ပြေးလာရတဲ့ အရပ်သားပြည်သူတွေကို စစ်အုပ်စုရဲ့ မြေပြင်စစ်ကြောင်းက သတ်ဖြတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်တပ်ကို ပြည်သူတွေက စတင်ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာကတည်းက စစ်အုပ်စုဟာ ရက်ရက်စက်စက် အစုအပြုံလိုက်သေဆုံးအောင် ဖြိုခွင်းခဲ့ကြတာပါ။

နည်းအမျိုးမျိုးနဲ့ အစုအပြုံလိုက်သတ်ဖြတ်ခဲ့ကြတဲ့ဖြစ်စဉ်တွေဟာ ပဲခူးမြို့၊ ဖားကန့်မြို့၊ ကန့်ဘလူမြို့၊ ကလေးမြို့၊ ယင်းမာပင်မြို့နဲ့ ဝက်လက်မြို့တို့မှာ ဖြစ်ခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် အစုအပြုံလိုက်သေဆုံးရတာလည်း ရှိပြီး တိုက်ပွဲဖြစ်တာနဲ့ နယ်မြေရှင်းလင်းချိန်တွေမှာလည်း အစုအပြုံလိုက်သတ်ဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ သူတို့နဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲဖြစ်တဲ့ ဒေသတွေကရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးလေ့ရှိပါတယ်။ မပြေးနိုင်တဲ့ အရပ်သားတွေဟာ မီးလောင်သေဆုံးကြရပြီး တော်လှန်ရေးအင်အားစုတွေရဲ့ သတင်းအချက်အလက်တွေရဖို့ အရပ်သားတွေကို ဖမ်းဆီးနှိပ်စက်လေ့ရှိကြပါတယ်။

ဖမ်းဆီးထားတဲ့ တချို့အရပ်သားတွေကို တော်လှန်ရေးသမားတွေအဖြစ် စွပ်စွဲ သတ်ဖြတ်ကြသလို တချို့အလောင်းတွေမှာ လက်ပြန်ကြိုးတုပ်ထားတာ၊ မီးလောင်ထားတာ၊ ညှဉ်းပန်းနှိပ်စက်ထားတာမျိုးတွေ တွေ့ရတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ အယောက် ၃,၅၈၀ နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၂,၇၂၆ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013