DVB Logo
Home
မြန်မာသတင်း
ကျောက်မဲတွင် ယာဉ်မတော်တဆမှုကြောင့် အမျိုးသား ၂ ဦး သေဆုံး
DVB
·
May 27, 2023
ကျောက်မဲတွင် ယာဉ်မတော်တဆမှုကြောင့် အမျိုးသား ၂ ဦး သေဆုံး
Donate to DVB

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ နန့်ဟူးရွာ ဘုန်းကြီးကျောင်းနားမှာ မေ ၂၆ ရက် မနက် ၇ နာရီ ကျော်လောက်က ယာဉ်မတော်တဆမှုကြောင့် အမျိုးသားနှစ်ယောက် သေဆုံးခဲ့တယ်လို့ ပရဟိတ အသင်းထံက သိရပါတယ်။

လမ်းကျဉ်းကွေ့မှာ ကုန်တင်တွဲကားကို ဆိုင်ကယ်နဲ့ ချိတ်မိကာ ယာဉ်တိုက်မှု ဖြစ်ပွါးခဲ့ပြီး နေရာမှာပင် အမျိုးသားနှစ်ယောက် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။

နန့်ခုံးရှမ်းများ ပရဟိတအသင်းက ဦးစိုင်းဝေလင်းက“ဒီလမ်းကကျဉ်းတော့ မကြာခဏ ထိခိုက်မှုတွေဖြစ်တယ်။ ကားဖြစ်ဖြစ် ဆိုင်ကယ်ဖြစ်ဖြစ် စနစ်တကျ သတိထားပြီးမောင်းစေချင်တယ်” ပြောပါတယ်။

သေဆုံးသူအမျိုးသားနှစ်ယောက်ဟာ အသက် ၂၅ နှစ်အရွယ်နှင့် ၃၀ ဝန်းကျင်ဖြစ်ပြီး သူတို့ရဲ့ ရုပ်အလောင်းတွေကို ကျောက်မဲပြည်သူ့ဆေးရုံမှာ ပို့ဆောင်ထားကာ မိသားစုနဲ့တော့ လတ်တလော အဆက်အသွယ်မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013