
အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်က ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ၂၄ ကြိမ် ပြုလုပ်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ် ဧပြီလအထိ အကျဉ်းသားစုစုပေါင်း ၁၃၂,၂၈၆ ယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။
ဒါပေမဲ့ ပြန်လွတ်လာသူတွေအထဲ နိုင်ငံရေးအကျဉ်းသား ၈,၈၇၈ ယောက်သာ ပါဝင်ပြီး၊ စုစုပေါင်းရဲ့ ၆ ဒသမ ၃ ရာခိုင်နှုန်းခန့်သာ ရှိပါတယ်။ တနည်းအားဖြင့် ပြန်လွှတ်ပေးလိုက်သူ အယောက် ၁၀၀ မှာ ၆ ယောက်ကသာ နိုင်ငံရေးအကျဉ်းသားဖြစ်ကြောင်း တွေ့ရပါတယ်။
ဒါ့အပြင် လက်ရှိအချိန်ထိ နိုင်ငံရေးအကျဉ်းသား ၂၂,၀၅၂ ယောက်ဟာ အကျဉ်းထောင်တွေထဲမှာ ဆက်လက်ထိန်းသိမ်းခံနေရဆဲ ဖြစ်ပြီး၊ လွတ်မြောက်လာသူ ၈,၈၇၈ ယောက်နဲ့ နှိုင်းယှဉ်ရင် နိုင်ငံရေးအကျဉ်းသား စုစုပေါင်းရဲ့ ၇၁ ရာခိုင်နှုန်းက ယနေ့ထိ မလွတ်မြောက်သေးဘူးလို့ အချက်အလက်တွေက ဖော်ပြနေပါတယ်။
ဒါကြောင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွေမှာ အကျဉ်းသားအရေအတွက် အများအပြား လွတ်မြောက်လာတယ် ဆိုပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေကတော့ အပြည့်အဝ လွတ်မြောက်မှု မရှိသေးဘူးလို့ အချက်အလက်တွေက ထင်ဟပ်ပြသနေပါတယ်။










