DVB Logo
Home
မြန်မာသတင်း
နတ်တလင်း၌ စစ်ကောင်စီက ခရီးသွားလာခွင့် ကန့်သတ်ထားသဖြင့် ပြည်သူများ အခက်ကြုံ
DVB
·
May 26, 2023
နတ်တလင်း၌ စစ်ကောင်စီက ခရီးသွားလာခွင့် ကန့်သတ်ထားသဖြင့် ပြည်သူများ အခက်ကြုံ
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင် ၈ မြို့နယ်ထဲက နတ်တလင်းမြို့နယ်မှာ စစ်ကောင်စီက ပြည်သူတွေကို စားသောက်ကုန်ဝယ်ယူခွင့် ကန့်သတ်လိုက်ပြီး ငွေကြေးတောင်းခံမှုတွေကြောင့် ဒေသခံတွေ သွားလာရေး အခက်အခဲ ကြုံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နတ်တလင်းမြို့နယ်အရှေ့ဘက် ပဲခူးရိုးမထဲက တောင်ညိုဆည်အတွင်းနဲ့ ဆည်အထက်ပိုင်းရှိ ကရင်ဆင်ဆွဲရွာ၊ ကြက်မနက်ရွာ၊ ပျဉ်းမခေါင်ရွာ၊ ဆင်ဆွဲရွာမရွာ၊ သံပုရာခုံရွာ၊ ကွင်းကျယ်ရွာ၊ ကွင်းကျယ်အရှေ့ရွာ၊ ဘိုကြီးစခမ်းရွာ၊ သမဒီးရွာ၊ သဖန်းချောင်ကြီးရွာ၊ လှေကားထောင်ရွာ၊ အထက်ဆင်ဝိုင်းရွာ၊ ရစ်ကွင်းရွာ၊ လိမ်ပင်ကုန်းရွာ၊ လေးအိမ်တန်းရွာ၊ ရုံးကုန်းရွာ၊ ကွေ့ကြီးရွာ၊ ညောင်လေးပင်ရွာ၊ ကျောက်ပြုတ်ရွာနဲ့ ညံလယ်ရွာတွေဘက်က သွားလာရေးမှာ အခက်အခဲနဲ့ ကြုံနေရတာပါ။

ရွာပေါင်း ၂၀ လောက်က လူတွေဟာ အေဒီလမ်းကနေ သွားလာလို့ရှိရင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးထံက ထောက်ခံစာတစောင် ၁,၀၀၀ ကျပ်မှ ၂,၀၀၀ ကျပ်အထိပေးလုပ်ရပြီး စားသောက်ကုန်တွေ သယ်ယူခွင့်ပါ မကျီးပင်လှေဆိပ်တွင်လည်း စစ်ကောင်စီတပ်မှ ဝယ်ယူခွင့်ကန့်သတ်ထားလို့ သွားလာစရိတ်တွေကပိုမိုငွေကြေးကုန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်

သာမန်အရပ်သားတွေက ထောက်ခံစာ မဖြစ်မနေလုပ်ထားရမယ် အဲ့လိုမလုပ်ထားဘူးဆိုရင် အချိန်မရွေး လာစစ်ချိန်မှာတွေ့ရင် အရေးယူမယ်ဆိုလို့  မကျည်းပင်လှေဆိပ်မှာ တပ်ဆွဲထားတဲ့ စစ်တပ်က ဆန်ဆို တအိမ်ထောင်ကို တပြည်နဲ့ ကျန်တဲ့စားသောက်ကုန်ဆိုလည်း ၃ရက်စာအပြင် ပိုသယ်ခွင့်မပြုဘူး ပိုဝယ်လာတာတွေ့ရင် သူတို့်အကုန်သိမ်းလိုက်တယ်လို့ ဒေသခံတယောက်က ပြောပါတယ် 

ဒေသခံတွေရဲ့အဆိုအရ အခုလိုစစ်တပ်ဘက်က လုံခြုံရေးအကြောင်းပြချက်နဲ့တ င်းကျပ်လိုက် တာဟာ စစ်ရေးဘက်ကအထိနာလာလေ လူထုကိုပိုမိုဖိနှိပ်လာလေဘဲ PDF နဲ့ပါဝင်သက် တယ်ဆိုပြီးဖမ်းဆီးတာသတ်ဖြတ်တာတွေပါလုပ်လာခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ် 

 နတ်တလင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ယနေ့အထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ၁၀ ဦးခန့်ကျဆုံးခဲ့ကာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးသူ ၁၀၀ ကျော်လောက်ရှိထားပါတယ် 

 စစ်ကောင်စီတပ်တွေဟာ အထိနာလာတာနဲ့အမျှ ဒေသခံတွေရဲ့နေအိမ်တွေဟာ မီးရှို့ဖျက်ဆီးခံရသလို ရာနဲ့ချီဒေသခံတွေလည်းယနေ့အထိစစ်ဘေးရှောင်နေရပြီးအရေးပေါ်အကူညီလည်းလိုအပ်လျက်ရှိနေပါတယ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013