DVB Logo
Home
မြန်မာသတင်း
ထားဝယ်တွင် ကိုဗစ်ကူးစက်ခံထားရသည့် အမျိုးသား ၁ ဦး သေဆုံး
DVB
·
May 25, 2023
ထားဝယ်တွင် ကိုဗစ်ကူးစက်ခံထားရသည့် အမျိုးသား ၁ ဦး သေဆုံး
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိထားတဲ့ သက်ကြီးပိုင်း အမျိုးသားတဦး မေ ၂၄ ရက် မနက်မှာ ကွယ်လွန်သွားတယ်လို့ နာရေးကူညီ-ထားဝယ်ထံက သိရပါတယ်။

သေဆုံးသူဟာ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာကနေ ထားဝယ်ဆေးရုံကြီးမှာ လာရာက်ကုသနေတဲ့ အသက် ၇၇ နှစ်အရွယ် သက်ကြီးပိုင်း အမျိုးသားတဦး ဖြစ်ပါတယ်။

အဆိုပါ သေဆုံးသူရဲ့ ဈာပနကို မေ ၂၅ ရက် နေ့လယ် ၂ နာရီက ဇဟာသုသာန်မှာ နာရေးကူညီမှု ထားဝယ်က ဆောင်ရွက်ပေးခဲ့ပါတယ်။

အခုသေဆုံးသူဟာ တကျော့ပြန် ကိုဗစ်ကူးစက်မှုဖြစ်ပြီး ထားဝယ်မြို့မှာ ဒုတိယမြောက် သေဆုံးသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်ကလည်း ထားဝယ်ဆေးရုံကြီးမှာ ကုသနေတဲ့ အသက် ၅၀ ကျော်အရွယ် ကိုဗစ်အတည်ပြုလက္ခဏာ စစ်ဆေးတွေ့ရှိထားတဲ့ အမျိုးသမီးတဦး ကွယ်လွန်ခဲ့ပါတယ်။

အဲဒီသေဆုံးသူ ၂ ဦးဟာ ကိုဗစ်ကူးစက်ခံထားရပေမဲ့ ကိုဗစ်ကြောင့် သေဆုံးတာမဟုတ်ဘဲ တခြားရောဂါကြောင့် သေဆုံးတယ်လို့ ထားဝယ်မြို့နယ် ကျန်းမာရေးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မေ ၂၄ ရက် ညနေ ၄ နာရီအထိ တနင်္သာရီတိုင်းရဲ့ ကိုဗစ်လူနာ အခြေအနေ ထုတ်ပြန်ချက်မှာတော့ သေဆုံးသူအမျိုးသားရဲ့စာရင်းကို ထည့်သွင်းဖော်ပြထားခြင်း မရှိတာကို တွေ့ရပါတယ်။

တနင်္သာရီတိုင်း မြို့နယ် ၁၀ ခုက ၇၆ ဦးကို မေ ၂၄ ရက်က စစ်ဆေးရာ ကိုဗစ်အတည်ပြု မတွေ့ရှိဘဲ ဆေးရုံဆင်းသူ ၅ ဦးရှိကြောင်း စစ်ကောင်စီလက်အောက်ခံ တနင်္သာရီတိုင်း ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013