DVB Logo
Home
မြန်မာသတင်း
ခင်ဦးတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ဆေးကျောင်းသား မောင်စွမ်းထက်ကို အာဇာနည်သူရဲကောင်းအဖြစ် NUG ဂုဏ်ပြု
DVB
·
May 25, 2023
ခင်ဦးတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ဆေးကျောင်းသား မောင်စွမ်းထက်ကို အာဇာနည်သူရဲကောင်းအဖြစ် NUG ဂုဏ်ပြု
Donate to DVB

ခင်ဦးမြို့နယ်တနေရာမှာ နွေဦးတော်လှန်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့ ဆေးတက္ကသိုလ်ကျောင်းသား မောင်စွမ်းထက်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အာဇာနည်သူရဲကောင်းတဦးအဖြစ်  အသိအမှတ်ပြုတယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

အသက် ၂၀ အရွယ် မောင်စွမ်းထက်ဟာ ဆေးတက္ကသိုလ် - မကွေး၊ ဆေးပညာအခြေခံနှစ် (Foundation Year) ကျောင်းသားတယောက်ဖြစ်ကာ ပြီးခဲ့တဲ့ မေ ၂၂ ရက်မှာ ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနကတော့ မိသားစုနဲ့ထပ်တူ ကြေကွဲဝမ်းနည်းရကြောင်းနဲ့ ဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းသည်အထိ တိုင်းရင်းသားပြည်သူတရပ်လုံးနဲ့ လက်တွဲကာ ဆတက်ထမ်းပိုး ကြိုးပမ်းတိုက်ပွဲဝင်သွားမယ်ဆိုတဲ့အကြောင်း အသက်‌၊ ခန္ဓာနဲ့ ဘဝတွေပုံအပ်ကာ စစ်အာဏာရှင်စနစ် ဖြုတ်ချရေးအတွက် ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့ကြတဲ့ တိုက်ပွဲဝင်နေကြတဲ့ အာဇာနည်တွေ၊ သူရဲကောင်းတွေကို တိုင်တည်ပြီးတော့ ကတိသစ္စာပြုတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဆေးတက္ကသိုလ် - မကွေး ကျောင်းသားများသမဂ္ဂက လည်း ဝမ်းနည်းကြောင်းသဝဏ်လွှာမှာ အာဏာရှင်စနစ် အပြီးသတ်ချုပ် ငြိမ်းရေးနဲ့ နိုင်ငံ တော်သစ်တရပ် ပေါ်ထွန်းရေးတို့အတွက် တိုက်ပွဲဝင်ရင်း လမ်းခုလတ်မှာ ကျဆုံးခဲ့တဲ့ ကို စွမ်းထက်အတွက် ယူကျုံးမရ ဖြစ်မိကြောင်းနဲ့ ကျောင်းသားထုရဲ့ အာဇာနည်သူရဲကောင်း အဖြစ် အသိအမှတ်ပြုတယ်လို့ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီးတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ အစိုးရ ဖွဲ့စည်းတဲ့ ၂ နှစ်တာ ကာလအတွင်း PDF တပ်ရင်းနဲ့ စစ်ကြောင်း ၃၀၀ ကျော် အပါအဝင် ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ခန့်မှန်းရန်သူ့အင်အား ၃၀၀၀၀ လောက်အထိ ခိုက်သေဆုံးတဲ့အထိ ချေမှုန်းနိုင်ခဲ့ပြီး ၁၀၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကာလတွေအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေများခဲ့သလို PDF အတွက် အခုအချိန်ထိ အဓိက အားနည်းလိုအပ်ချက်ကတော့ လက်နက်ခဲယမ်းမီးကျောက်ဖြစ်တယ်လို့ NUG က ပြောထားပါတယ်။

ဒါဟာ တနည်းအားဖြင့် ဘဏ္ဍာရန်ပုံငွေ မလုံလောက်မှုလို့ ပြောနိုင်ပြီး လွန်ခဲ့တဲ့ ၂ နှစ်၊ ပြည်သူ့တော်လှန်ရေးစတင်ချိန်ကဆိုရင် တူမီး၊ လက်လုပ် သေနတ်တွေနဲ့သာ ခုခံခဲ့ကြရပေမယ့် ခုချိန်မှာတော့ ပြည်သူလူထုတရပ်လုံး လှူဒါန်း ကူညီမှု၊ မဟာမိတ် တိုင်းရင်း သားတော်လှန်ရေးအဖွဲ့တွေနဲ့ လက်တွဲဆောင်ရွက်မှုတွေကြောင့် PDF တပ်မတော်အတွက် ချေမှုန်းရေးရိုင်ဖယ်အပါအဝင် လက်နက်ငယ် မျိုးစုံ၊ လက်နက်ကြီး၊ လက်ဖြောင့်စနိုက်ပါ၊ မောင်းသူမဲ့လေယာဉ်ငယ် (Drone)၊ မိုင်းအမျိုးမျိုး စတာတွေကို အတိုင်းအတာတခုအထိ တပ်ဆင်နိုင်ခဲ့ပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013