DVB Logo
Home
မြန်မာသတင်း
မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ် ၃ ရက်ဆက် တိုက်ခိုက်ခံရ
DVB
·
May 24, 2023
မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ် ၃ ရက်ဆက် တိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ကန်နီပျူစောထီးရွာကို ဒရုန်း၊ ဒုံးတွေနဲ့ Red Hawk Operations - စွန်ရဲစစ်ဆင်ရေးအဖြစ် ၃ ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Eagle Brigade တပ်ဖွဲ့ကနေ သိရပါတယ်။

ကန်နီပျူစောထီးရွာဟာ စစ်တပ်စစ်ကြောင်းတွေ အခြေချတာဖြစ်သလို ပျူသင်တန်းတွေ ပေးပြီး လက်နက်ပါ ဆင်ထားတဲ့နေရာဖြစ်လို့ အခုလိုတိုက်ခိုက်ခဲ့တာလို့ Eagle Brigade တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“၂ဝ ရက်နေ့က အဲ့နေရာကို ကိုယ်တိုင်ထုတ် ဒုံးနဲ့ ဗုံးသီး ၄ လုံး ပစ်ခတ်ခဲ့ပြီး ၂၁ ရက်နေ့မှာ ဒရုန်းနဲ့ Rocket 2KG ၂ လုံး၊ 1 KG ၄ လုံး ကြဲချခဲ့ပါတယ်။ ပျူတွေကို သင်တန်းပေးတဲ့ စစ်ကောင်စီတပ်ခွဲမှူးအဆင့် တယောက်ကျတယ်လို့တော့ သိရတယ်။ Nitroglycerin ပြင်းအားက တအားကောင်းတော့ ဗိုက်ပေါက်ထွက်တယ်၊ သေဖို့များပါတယ်။ ကျနော်တို့ဆီမှာက အင်တာနက်လိုင်း တော်တော်အားနည်းလို့ ဒီနေ့မှထုတ်ပြန်ရတာပါ။”

မေ ၂၂ ရက်မှာ မြိုင်မြို့ထဲ ကတ္တရာလမ်းမဘေးက ရဲစခန်းမှာ အထိုင်ချ တပ်စွဲထားတဲ့ လင်းကတောရွာကို မနက် ၁ဝ နာရီလောက်က စတင်ကာ ဒရုန်းနဲ့ Rocket ၃ ကြိမ် ဗုံးသီး ၆ လုံး ကြဲချခဲ့ပြီး မြေပြင်သတင်းအရ စစ်ကောင်စီတပ်ဘက်က ရဲစခန်းအမိုးနီဆောင်ပေါ် တည့်တည့်ကျရောက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုရှိတဲ့အတွက် အဝေးကနေ ၄၀ မမနဲ့ ထပ်မံပစ်ခတ်ခဲ့ပြီး ဖရဲသီးသတင်းအရ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ဗုံးသီးစာမိခဲ့ပြီး သေမသေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲတွေကို Red Hawk Operations - စွန်ရဲစစ်ဆင်ရေးအဖြစ် Eagle Brigade နဲ့ MSPDF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ သေဆုံးဒဏ်ရာရတာတွေနဲ့ ပတ်သက်လို့ ဒီဗွီဘီအနေနဲ့တော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013