DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်စစ်ရှောင်စခန်းများ ကူညီကယ်ဆယ်ရေး မရသေး
DVB
·
May 24, 2023
မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်စစ်ရှောင်စခန်းများ ကူညီကယ်ဆယ်ရေး မရသေး
1 / 3
Donate to DVB

မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် အကြီးအကျယ်ပျက်စီးဆုံးရှုံးသွားခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတွေမှာ ထိရောက်တဲ့ ကူညီကယ်ဆယ်ရေးတွေ မရကြသေးဘူးလို့ စစ်ဘေးရှောင်စခန်း တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ရှောင်စခန်းတွေကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေ လာရောက်ကြတာရှိပေမဲ့ ထိရောက်တဲ့ ကူညီကယ်ဆယ်မှုတွေ မရကြဘူးလို့ အိမ်ထောင်စု ၇၇၀ ကျော်ရှိတဲ့ မြောက်ဦးမြို့နယ်က တိမ်ညိုစစ်ဘေးရှောင်စခန်း ပြန်ကြာရေးတာဝန်ခံ ဦးစိုးနိုင်က ပြောပါတယ်။

“တဲအိမ် ၇၇၀ ကျော် အကုန်ပျက်စီးသွားတယ်။ အဲ့အထဲက မပြိုလဲဘဲကျန်ခဲ့တာ ၈၀ ကျော်လောက်ပဲ ရှိပါတယ်။ ဒါတွေ ပြန်လည်တည်ဆောက်ဖို့ ကိုယ့်ဘာသာပဲ ရုန်းကန်နေကြရတာပါပဲ။ ကူညီရေးအဖွဲ့တွေတော့ နေ့တိုင်းလိုလိုရောက်တယ်။ ဒါပေမဲ့ ခေါက်ဆွဲခြောက်တွေ တခြားစားစရာ အနည်းအကျဉ်းတွေလောက်ပဲ။ တကယ် ထိရောက်တဲ့ ကူညီမှုတွေ မရပါဘူး။”

လက်ရှိအခြေအနေတွေအရ စစ်ဘေးရှောင်စခန်းတွေမှာ အပြိုပျက်ပဲ ကျန်နေသေးတဲ့ တဲအိမ်အနည်းအကျဉ်းတွေထဲမှာ စစ်ဘေးရှောင်အိမ်ထောင်စုတွေဟာ စုပေါင်းပြီး နေနေကြတယ်လို့ ကျောက်တော် မီးရထားဘူတာ စစ်ဘေးရှောင်စခန်း တာဝန်ရှိသူတဦးက ဆိုပါတယ်။

ရခိုင်မှာ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်ဦးရေ ၆၀,၀၀၀ ကျော်လောက် ကျန်ရှိနေသေးပြီး စစ်ဘေးရှောင်အများဆုံးရှိတဲ့ မြို့နယ်တွေကတော့ မြောက်ဦး၊ ကျောက်တော်နဲ့ ရသေ့တောင်မြို့နယ်တွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013