DVB Logo
Home
မြန်မာသတင်း
လောင်းလုံးတွင် လ.ဝ.က ရုံး ပစ်ခတ်ခံရပြီးနောက် CDM ဝန်ထမ်းအပါအဝင် ၄ ဦး အဖမ်းခံရ
DVB
·
May 24, 2023
လောင်းလုံးတွင် လ.ဝ.က ရုံး ပစ်ခတ်ခံရပြီးနောက် CDM ဝန်ထမ်းအပါအဝင် ၄ ဦး အဖမ်းခံရ
Donate to DVB

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်က လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လ.ဝ.က)ရုံးအတွင်း မေလ ၂၃ ရက် နေ့လယ်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ပစ်ခတ်ခဲ့ပြီးနောက် ညနေ ၆ နာရီခွဲလောက်မှာ မြို့ခံ ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပါတယ်။

အဖမ်းခံရသူတွေဟာ အသက် ၃၅ နှစ်အရွယ် သမဝါယမဦးစီးဌာန CDM ဝန်ထမ်း မသက်သက်အေးနဲ့ သူ့အမျိုးသား ကိုမြတ်သူ၊ အသက် ၂၀ ကျော်အရွယ် မဆွေဇင်ထက်နဲ့ တခြားအမျိုးသားတဦးဖြစ်ပြီး လောင်းလုံးမြို့မရဲစခန်းမှာ စစ်ဆေးခံနေရတယ်လို့ မြို့ခံတွေထံက  သိရပါတယ်။

နေအိမ်အသီးသီးမှာ ဝင်ရောက်ဖမ်းဆီးခံခဲ့ရတဲ့ သူတို့လေးဦးစလုံးဟာ ဘာကြောင့်အဖမ်းခံရတာလဲဆိုတာ မသိရသေးဘဲ မိသားစုဝင်တွေနဲ့လည်း ဒီကနေ့ မေလ ၂၄ ရက်နေ့လယ်ပိုင်းအထိ တွေ့ခွင့်မပေးသေးဘူးလို့ အဖမ်းခံရသူနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ထားဝယ်နဂါးတပ်ခွဲ ၅ နဲ့ ထားဝယ်ပြောက်ကျားတပ်ဖွဲ့ Guerrilla Dawei တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ လဝက ရုံး တိုက်ခိုက်မှုမှာ လဝက ဒုဦးစီးမှူး ဦးသိန်းမင်းလတ် သေဆုံးခဲ့ပြီး တခြားဝန်ထမ်းနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖရုံး)က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ၁၀ မိနစ်လောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး လောင်းလုံးမြို့မရဲစခန်းကိုတော့ ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

လဝကရုံးအတွင်း ဝင်ရောက်ပစ်ခတ်စဥ် ပြန်လည်ခုခံတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ဒဏ်ရာရခဲ့ပြီး စိုးရိမ်စရာတော့ မလိုဘူးလို့လည်း သိရပါတယ်။

အဲဒီလို ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် မေလ ၂၄ ရက် မနက်ပိုင်းမှာတော့ လောင်းလုံးမြို့အတွင်း ၃ နေရာမှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေပြီး ထားဝယ်ဘက်ကနေလည်း မြေသယ်ကား နှစ်စီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ နီးပါး လောင်းလုံးမြို့အနီး အင်အားလာဖြည့်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013