DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းဒဏ်ခံရသည့် ဘူးသီးတောင်နှင့် မောင်တောတွင် ဖုန်းလိုင်းများပြန်ရ
DVB
·
May 24, 2023
မုန်တိုင်းဒဏ်ခံရသည့် ဘူးသီးတောင်နှင့် မောင်တောတွင် ဖုန်းလိုင်းများပြန်ရ
Donate to DVB

မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်နဲ့ မောင်တောမြို့တွေမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်း အကုန်ပြတ်တောက်သွားရာကနေ ၂၃ ရက်နေ့မှာတော့ ဖုန်းအော်ပရေတာအားလုံး ပြန်လည်အသုံးပြုလို့ရပြီလို့ ဒေသခံတွေထံက သိရပါတယ်။

မောင်တောဒေသခံတဦးက “Atom ဖုန်းလိုင်းက အရင်ရတာ။ မိုင်တဲလ်က ရတာ ၂ ရက်လောက်ရှိပြီ။ ဒီနေ့တော့ MPT ပြန်ရပြီ။ အင်တာနက်လိုင်းတွေကတော့ သိပ်အဆင်မပြေသေးဘူး” လို့ ပြောပါတယ်။

ဘူးသီးတောင်နဲ့ မောင်တောနယ်တဝိုက်မှာ MPT ကို အဓိကထား အသုံးပြုပြီး မိုင်တဲလ်ကတော့ ဒုတိယအသုံးအများဆုံး ဖြစ်ပါတယ်။

အရင်က အော်ရီဒူးနဲ့ Atom လိုင်းတွေက သိပ်မမိတာမို့ အသုံးနည်းပြီး မိုခါအလွန်မှာ Atom တခုပဲ အရင်ရတာဖြစ်လို့ Atom ဆင်းမ်ကတ်တွေ အရောင်းတက်သွားတာပါ။

Atom က လုံးဝနီးပါး မသုံးကြတာမို့ လိုင်းရနေတာကို လူတွေ ချက်ချင်းမသိခဲ့တာလို့လည်း ဒေသခံတွေက ပြောပါတယ်။

မောင်တောဒေသခံတဦးက “မောင်တောခရိုင် တရားသူကြီးရုံးရှေ့ကနေ မြို့သူကြီးနားထိ ဓာတ်တိုင်တွေ အကုန်ကျိုးကုန်တော့ မီးလုံးဝပြန်မရသေးဘူး။ မောင်တောတောင်ပိုင်း တလျှောက်လည်း အကုန်ထိကုန်တော့ မီးကမလာ၊ ဖုန်းအားမရှိတာရော သုံးနေကျ MPT နဲ့ မိုင်တဲလ်ကလည်း လုံးဝပြတ်တောက်သွားလို့ Atom ဆင်းမ်ကတ် ရတာတောင် စျေးတက်မှ သိတာပါ။ မဝယ်ဖြစ်ပါဘူး” လို့ ပြောပါတယ်။

မုန်တိုင်းအလွန်မှာ Atom ဆင်းမ်ကတ် တကတ်ကို ကျပ် ၅၅,၀၀၀ အထိ ဈေးတက်သွားပေမဲ့ ဘူးသီးတောင်က လူငယ်တယောက်ကတော့ Atom ဆင်းမ်ကတ် ရှာဝယ် စျေးဆစ်နဲ့ ကျပ် ၃၅,၀၀၀ နဲ့ ဝယ်လို့ရခဲ့တယ်လို့ ဆိုပါတယ်။

ဘူးသီးတောင်၊ မောင်တောနယ်တွေက MPT တခုပဲ လိုင်းမိတဲ့နေရာ ပိုများတာဖြစ်ပြီး မြောက်ပိုင်းနယ်စပ်ဒေသ ရွာတွေဖြစ်တဲ့ ဝေလာသက်ရွာ၊ တပ်ချောင်း၊ အောင်ချမ်းသာ၊ ဗန္ဓုလ ရွာဘက်တွေထိ MPT  သာအသုံးအများဆုံး ဖြစ်ခဲ့တာပါ။

မိုခါမုန်တိုင်းကတော့ မောင်တောမြောက်ပိုင်း ဘင်္ဂလားနယ်စပ်နဲ့ ပိုနီးတဲ့ ဒေသဘက်တွေမှာတော့ လေတိုက်တာတောင်မသိလိုက်ဘူးလို့ တမန်းသားနဲ့ သက္ကိုင်ညှာဒေသခံတွေက ပြောပါတယ်။

မုန်တိုင်းဒဏ်ကလွတ်ပေမယ့် ဖုန်းလိုင်းပြတ်တောက်မှုကြောင့် သတင်းစီးဆင်းမှုတွေ ရပ်တန့်ခဲ့ပါတယ်။

မောင်တောမြောက်ပိုင်း ကျိန်ချောင်းအထက်ပိုင်းက သက်၊ ခမီ၊ မြို၊ ဒိုင်းနက်နဲ့ မရမ္မာကြီး အစရှိတဲ့ လူနည်းစုတွေနေထိုင်တဲ့ ရွာငယ်လေးတွေရှိကြပြီး မိုခါမုန်တိုင်းလွန် ကာလတွေမှာတော့ အဆက်အသွယ်ပြတ်တောက်သွားခဲ့တယ်လို့  ဒေသခံတွေကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013