DVB Logo
Home
မြန်မာသတင်း
သူလျှိုအဖြစ် စွပ်စွဲဖမ်းခံရသည့် CDM ဗိုလ်ကြီးအပါအဝင် ၇ ဦးအမှု ဖြေရှင်းပေးရန် တောင်းဆို
DVB
·
May 24, 2023
သူလျှိုအဖြစ် စွပ်စွဲဖမ်းခံရသည့် CDM ဗိုလ်ကြီးအပါအဝင် ၇ ဦးအမှု ဖြေရှင်းပေးရန် တောင်းဆို
Donate to DVB

သူလျှိုအဖြစ် စွပ်စွဲဖမ်းဆီးခံထားရတဲ့ CDM ဗိုလ်ကြီးအပါအဝင် တော်လှန်ရေး ရဲဘော် ၇ ယောက်အမှုနဲ့ ပတ်သက်ပြီးတော့ တရားမျှတ ပွင့်လင်းမြင်သာစွာ စုံစမ်းဖော်ထုတ် ဖြေရှင်းပေးဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကို ပြည်သူ့တပ်မတော်သား ဦးဆောင်အဖွဲ့ဝင်တွေက တိုက်တွန်းတောင်းဆိုထားပါတယ်။

အဆိုပါကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြည်သူ့တပ်မတော်သားဦးဆောင်အဖွဲ့ဝင်တွေက မေ ၂၃ ရက် ဒီကနေ့ ရက်စွဲနဲ့ ပြည်သူ့ပန်းတိုင် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာပေါ်ကနေတဆင့် သဘောထား ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အစောပိုင်းက စတင်ကာ CDM ဝင်ရောက်လာခဲ့ကြတာဖြစ်ပြီး လတ်တလောမှာတော့ သူတို့ကို KIA ထိန်းချုပ်နယ်မြေမှာ သူလျှိုအဖြစ် စွပ်စွဲကာ ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ ဆိုပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး CDM ဗိုလ်ကြီးညီသုတက သတင်းဌာနတွေမှာ တက်လာတဲ့ ရင်းမြစ်တွေကို ကိုးကားပြီး ခုလိုရေးသားထားခဲ့တာပါ။

“၄၀၄ တပ်ရင်း နယ်မြေမှာ  CDM ဗိုလ်ကြီးတဦးအပါအဝင် ရဲဘော် ၆ ဦး၊ စုစုပေါင်း ၇ ဦးကို သူလျှိုဆိုပြီး ဖမ်းဆီးထားကြောင်း သတင်းတွေတက်လာပါတယ်။ အဲဒီရဲဘော် ၇ ဦးဟာ လုပ်ကြံ ဖမ်းဆီးခံရတာဖြစ်ကြောင်းကို အတူတူတာဝန်ထမ်းဆောင်ခဲ့တဲ့ ကျန်ရှိ ရဲဘော် ၆၃ ဦးကလည်း အခိုင်အမာ သက်သေထွက်ဆိုနေကြတယ်။ (ကိုးကား - Warriors Of Liberation Force Page )… တခြားဘေးကတပ်တွေကပါ။ အဲ့ဒီ ၇ ဦးဟာ မတရားဖမ်းဆီးခံရကြောင်း ထွက်ဆိုထားတာကို ဖတ်ရပါတယ်။ (ကိုးကား - Myanmar Now )… အဆိုပါကိစ္စကို မျှမျှတတ ဆုံးဖြတ်နိုင်ဖို့မျှော်လင့်ပါတယ်။ လိုအပ်ရင် ပြည်သူ လူထုရှေ့မှာ သက်သေတွေကို စစ်ဆေးကြားနာတာမျိုးလုပ်စေချင်တယ်။ တော်လှန်ရေး ရှေ့ဆက်နိုင်ဖို့ဆိုတာ ခိုင်မာဖြောင့်မတ်တဲ့ တရားစီရင်ရေးစနစ် လိုအပ်ပါတယ်။ ပွင့်လင်း မြင်သာစွာ စစ်ဆေးပြီးလို့ သူလျှိုဆိုတာ မှန်ခဲ့ရင် အရေးယူရမှာဖြစ်သလို မမှန်ခဲ့ရင်လည်း မမှန်မကန် လုပ်ကြံပြီး ဖမ်းခဲ့သူတွေကို အရေးယူနိုင်ဖို့ လိုအပ်ပါတယ်။”

ဖမ်းဆီးခံရတဲ့ CDM ဗိုလ်ကြီးရဲ့ အမည်၊ အကြောင်းအရာအသေးစိတ်နဲ့ မြေပြင်အခြေအနေ တွေကိုတော့ ဖော်ပြထားတာမျိုး မတွေ့ရသလို KIA နဲ့ NUG တို့ဘက်ကလည်း ဒီကိစ္စအပေါ် ထုတ်ပြန်ချက် တစုံတရာ ထုတ်ထားတာမျိုး မတွေ့ရပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013