DVB Logo
Home
မြန်မာသတင်း
ဗန်းမော်မြို့နယ် ဧရာဝတီမြစ်အတွင်းရှိ ရွှေမော်တော်များကို စစ်တပ်ကဖမ်းဆီးပြီး ငွေတောင်းခံ
DVB
·
May 23, 2023
ဗန်းမော်မြို့နယ် ဧရာဝတီမြစ်အတွင်းရှိ ရွှေမော်တော်များကို စစ်တပ်ကဖမ်းဆီးပြီး ငွေတောင်းခံ
Donate to DVB

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ရှိ သဖန်းပင်၊ ငှက်ပျောတော၊ ကျွန်းကြီး၊ မိုင်းကာ၊ ကျေးရွာများအနီး ဧရာဝတီမြစ်တလျှောက်မှာ ရွှေတူးဖော်နေသော ရွှေမော်တော်တွေကို စစ်တပ်က ဖမ်းဆီးပြီး ကျပ်သိန်း ၂၀ ကျော်နဲ့ ပြန်ရွေးခိုင်းနေတယ်လို့ လုပ်ငန်းရှင်အချို့ဆီက သိရပါတယ်။

မေ ၁၉ နဲ့ ၂၀ ရက်နေ့တွေမှာ စစ်ကောင်စီတပ် မော်တော်တွေနဲ့လာရောက်ပြီး ရွှေတူးဖော်နေတဲ့ မော်တော်တွေကို သဖန်းပင်အထက်ရှိ ဧရာဝတီပထမမြစ်ကျဉ်းအနီး ကျောက်တွင်းဘက်ကို လက်နက်ပြခြိမ်းခြောက်ကာ မောင်းသွင်းခဲ့တာလို့ ဆိုပါတယ်။ 

အဆိုပါရွှေမော်တော်တွေကို ရွှေပြန်တူးဖော်လိုပါက မော်တော်တစီးကို ကျပ်သိန်း ၂၀ နဲ့ ၅ သောင်း   အခွန်ငွေပေးသွင်းမှသာ ဆက်လက်လုပ်ကိုင်ခွင့်ပြုမယ်ဆိုပြီး မေ ၂၂ ရက်က ပြောခဲ့တယ်လို့ ရွှေလုပ်ငန်းရှင်အချို့က ပြောပါတယ်။

ဒေသခံရွှေလုပ်ငန်းရှင်တဦးက “အရင်အခါကတွေလည်း သူတို့က ပိုက်ဆံလိုပြီဆို လေယာဉ်နဲ့လာဗုံးကြဲပြီး ခြောက်လိုက်၊ တဲတွေ မီးရှို့ ပြလိုက်၊ လက်နက်ပြပြီး အထက်ကျောက်တွင်းထဲ မောင်းသွင်းလိုက် ငွေညှစ်လိုက် အဲလိုပဲလုပ်နေတာ၊ သူတို့စစ်ကြောင်းတခု ပြောင်းသွားတိုင်း မကြာခဏလုပ်နေကြတာ။ ကျနော်တို့ကလည်း ရွှေမလုပ်ရင်လည်း ရင်းနှီးထားရတာတွေကလည်း မနည်းဘူးဆိုတော့ လက်နက်နဲ့ခြိမ်းခြောက်တောင်းတော့ မပေးချင်ပေမယ့် ပေးကြရတာပါပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်လောက်ဟာ ကျွန်းကြီးမိုင်းကာဘက်မှာ တပ်စခန်းချပြီး ရွှေမော်တော်တွေကို လက်နက်ပြခြိမ်းခြောက်ကာ ဖမ်းဆီးငွေညှစ်နေတာလို့ ဆိုပါတယ်။

မေလဆန်းပိုင်းကလည်း ဗန်းမော်မြို့နယ်ရှိ မြလယ်ကျေးရွာ၊ ကောင်းတုံ၊ ဗူးတောင်းရွာနားရှိ ဧရာဝတီမြစ်အတွင်းမှ ရွှေမော်တော်အစီးရေ ၅၀ ခန့်အား ဖမ်းဆီးခဲ့ကြောင်း၊ ရွှေမော်တော်တွေ ပြန်ရရေး ရွှေလုပ်ငန်းရှင်တချို့ဟာ သိန်းပေါင်း ၁၀၀ ကျော်အသုံးပြုခဲ့ပေမယ့် အခုထိ ထုတ်ယူမရသေးဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013