DVB Logo
Home
မြန်မာသတင်း
သရက်ချောင်းမြို့နယ် ဒေါင်းညီနောင်စစ်ကြောင်း တပ်စိတ်မှူး လက်နက်ကြီးစမ်းသပ်စဉ် ကျဆုံ
DVB
·
May 23, 2023
သရက်ချောင်းမြို့နယ် ဒေါင်းညီနောင်စစ်ကြောင်း တပ်စိတ်မှူး လက်နက်ကြီးစမ်းသပ်စဉ် ကျဆုံ
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ဒေါင်းညီနောင်စစ်ကြောင်း ၂ က တပ်စိတ်မှူးဖြစ်သူ အသက် ၃၅ နှစ်အရွယ် ရဲဘော်ဒီအိုင် (ခ) ရဲဘော်ကျော်မင်းထွန်းဟာ မေ ၁၇ ရက် ညနေပိုင်းက လက်နက်ကြီးစမ်းသပ်စဉ် မတော်တဆဖြစ်ပြီး ကျဆုံးသွားခဲ့တယ်လို့ ဒေါင်းညီနောင် စစ်ကြောင်းက မေ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ရဲဘော်ဒီအိုင်ဟာ မိခင်တပ်ရင်းဖြစ်တဲ့ ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ရဲ့ တပ်ရင်းနေရာမှာပဲ ကျဆုံးခဲ့တာဖြစ်ပြီး ဈာပနကို မေ ၁၈ ရက်မှာ မိခင်တပ်ရင်းက စစ်ရေးအခမ်းအနားနဲ့ ပြုလုပ်ပေးခဲ့ပါတယ်။

ရဲဘော်ဒီအိုင်ရဲ့ ဈာပနကို မိခင်တပ်ရင်းနဲ့ စစ်ကြောင်းအပြင် ဝါးရိပ်ခွန်အား ပြောက်ကျားတပ်ဖွဲ့၊ ထားဝယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကလည်း ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ပြီး သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကလည်း အမိန့်ပြန်တမ်း ပေးပို့ခဲ့ပါတယ်။

ဒေါင်းညီနောင်စစ်ကြောင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အဖွဲ့ဝင်တွေနဲ့ သရက်ချောင်း ပကဖ အဖွဲ့တွေ ပူးပေါင်းထားတဲ့စစ်ကြောင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၅ ရက်ကလည်း သရက်ချောင်းမြို့နယ် ဒေါင်းမင်းစစ်ဆင်ရေးက ရဲဘော်တဦး စစ်ဆင်ရေးအတွင်း မိုင်းမတော်တဆဖြစ်ပြီး ကျဆုံးခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013