DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်၌ မုန်တိုင်းသင့်ပြည်သူများတွက် ဆေးပစ္စည်းနှင့် ရိက္ခာတင်ကားများ တားမြစ်ခံရ
DVB
·
May 22, 2023
ရခိုင်ပြည်နယ်၌ မုန်တိုင်းသင့်ပြည်သူများတွက် ဆေးပစ္စည်းနှင့် ရိက္ခာတင်ကားများ တားမြစ်ခံရ
Donate to DVB

မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ဒေသကို စစ်ကောင်စီက ဆေးပစ္စည်းတင်သွင်းခွင့် မပြုတဲ့အပြင် သွားလာရေးအတွက် စာရွက်စာတမ်းတွေ တောင်းနေတာကြောင့် အရေးပေါ် ကူညီကယ်ဆယ်ရေး သွားသူတချို့ ရိုးတောင်စစ်ဆေးရေးဂိတ်ကနေ လှည့်ပြန်နေရတယ်လို့ အကူအညီပေးရေး အဖွဲ့တွေထံက သိရပါတယ်။

ဆေးဝါးတင်သွင်းခွင့် မပြုတာကြောင့် လူတယောက်ပိုရင် ဝန်ထုပ်ဝန်ပိုးဖြစ်မယ့် အနေအထား ဖြစ်တာမို့ ရှေ့သွားအဖွဲ့နောက် မလိုက်နိုင်ခဲ့ဘူးလို့ သိရပါတယ်။

ကုသရေးအတွက် ပရဟိတ သွားရောက်ခဲ့သူတဦးက “ဆေးပစ္စည်းဆိုလို့ ဓာတ်ဆားတခုတည်း သယ်ခွင့်ပြုတော့ ဆရာဝန် ဆေးမပါဘဲ ဘာသွားလုပ်လို့ရမှာလဲ။ အဲဒါကြောင့် တောင်ကုတ်ကို မရောက်လိုက်ဘဲ ရိုးတဝက်ကနေ ပြန်လှည့်လာရတယ်” လို့ ပြောပါတယ်။

ရခိုင်ဒေသမှာ ဆားငန်ရေဝင်ကုန်လို့ ရေစုပ်ထုတ်ဖို့က ဦးစားပေးအနေအထား ဖြစ်ပေမဲ့ အကူအညီတွေ ရောက်မလာနိုင်သေးတာမို့ ဒေသတွင်းရှိတဲ့ ရင်းမြစ်နဲ့ပဲ ရုန်းကန်ရမယ့် အနေအထား ဖြစ်နေတယ်လို့ ပရဟိတအဖွဲ့တွေက ဆိုပါတယ်။

ရေသန့်ဆေးမှုန့်ပုံဟာ ရန်ကုန်တင် ကျပ် ၅ သိန်း ဈေးပေါက်သလို ဈေးကွက်မှာလည်း မရနိုင်တာမို့ လက်ဝယ်ရှိသူတွေဆီက တောင်းတဲ့ဈေးနဲ့ မရအရ ဝယ်ယူနေရတယ်လို့လည်း သိရပါတယ်။

ဒါ့ပြင် ရခိုင်မှာ ပရောဂျက်ခရီးစဥ်အတွက် movement tracker ဆိုတဲ့ လုပ်ငန်းစဥ် ပေးအပ်မယ့် အထောက်အပံ့ပစ္စည်း သင်တန်း စသဖြင့် ရက်စွဲအလိုက် သွားမယ့်နေရာ ပါဝင်မယ့် ဝန်ထမ်းတွေရဲ့ အချက်အလက်တွေကို ပြည်နယ်အထိ ၁ လ အနည်းဆုံး ကြိုတင်ခွင့်ပြုချက် ယူရပြီး တကယ်သွားရမယ့်ရက်ဆိုရင် ယာဥ်မောင်း၊ ကားနဲ့ဆိုင်တဲ့ အချက်အလက်တွေကို ကိုင်ပြီး စစ်ဆေးရေးဂိတ်တွေကို ပြသ ဖြတ်သန်းရတာမို့ ခုချိန်မှာ ကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့တွေ အနေနဲ့ အစစ်အဆေးများစွာနဲ့ ရင်ဆိုင်နေရပြီး နယ်လုံစာမပါလို့ ပြန်ခေါက်သွားရတဲ့ အဖွဲ့တွေလည်း အများအပြား ရှိနေပါတယ်။

အမ်းမြို့ အဝင်အထွက်ဂိတ်အားလုံး အစစ်အဆေးကြမ်းပြီး ပရဟိတအသင်းတွေအနေနဲ့ အသင်းသားစာရင်း၊ အမည်မှတ်ပုံတင်အမှတ်၊ ဖုန်းနံမှတ်တွေကို မိတ္တူဆွဲထားပြီး သက်ဆိုင်ရာ မြို့နယ် ခရိုင်ရဲ့ ထောက်ခံစာယူလာဖို့ လိုအပ်ကြောင်းလည်း သိရပါတယ်။

အမ်းကနေ မြောက်ဦးအထိ လမ်းတကြော MPT အဆင်မပြေဘဲ ဆင်းကတ်အစုံ ပြင်ဆင်သွားဖို့နဲ့ မီးစက်၊ ပါဝါဘန့်ကအစ အကုန်ပြင်ဆင်သွားရမှာဖြစ်ပြီး နယ်ခံဒုက္ခရောက်သူတွေနဲ့အပြိုင် ကုန်စျေးနှုန်းကြီးမြင့်မှု၊ သောက်သုံးရေ ရှားပါးမှုဒဏ်အပြင် တခြားအခက်အခဲမျိုးစုံကို ကြုံတွေ့ရမှာဖြစ်တယ်လို့ ပရဟိတကယ်ဆယ်ရေးသွားသူတွေက ပြောပါတယ်။

အဓိကက ပြန်လည်ထူထောင်ရေးအတွက် လက်သမားကျွမ်းကျင်နဲ့ ပစ္စည်းအစုံ တပါတည်း သယ်ဆောင်လာဖို့လည်း အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013