DVB Logo
Home
မြန်မာသတင်း
လားရှိုးမြို့ နည်းပညာအထက်တန်းအသက်မွေးကျောင်းတွင် ပေါက်ကွဲမှုဖြစ်
DVB
·
May 22, 2023
လားရှိုးမြို့ နည်းပညာအထက်တန်းအသက်မွေးကျောင်းတွင် ပေါက်ကွဲမှုဖြစ်
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ဆုံကွယ်ကျေးရွာအုပ်စု၊ စစ်မှုထမ်းဟောင်းရပ် အစိုးရ နည်းပညာအထက်တန်း အသက်မွေးကျောင်းအတွင်းမှာ မေ ၂၂ ရက် မနက် ၁ နာရီလောက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“ညကြီးဖြစ်တာဆိုတော့ ဘယ်သူမှ သွားမကြည့်ရဲဘူး။ ခုမနက် ၈ နာရီလောက်မှာတော့ စစ်တပ်က လာစစ်တယ်” လို့ အနီးအနားမှာ နေထိုင်သူတဦးက ပြောပါတယ်။

မနက် ၁ နာရီ ၁၀ မိနစ်လောက်က ပေါက်ကွဲခဲ့ပြီး အစိုးရ နည်းပညာအထက်တန်း အသက်မွေးကျောင်းဝန်းအတွင်း ဆောက်လက်စ အဆောက်အဦတလုံးရဲ့ အမိုးတွေ ပွင့်ထွက်ကုန်ပြီး နံရံတွေ ပေါက်​ထွက်ခဲ့တယ်လို့ ဆိုပါတယ်။

လူထိခိုက်ဒဏ်ရာရသွားတာမျိုး မရှိပေမဲ့ ဗုံးစတွေက ကျေးရွာအတွင်းရှိ လူနေအိမ်တွေပေါ်လည်း ကျရောက်ခဲ့ပြီး ပေါက်ကွဲမှုကြောင့် အနီးနားရှိ နေအိမ်တွေလည်း အနည်းငယ် ထိခိုက်မှု​ရှိတယ်လို့ ဆိုပါတယ်။

လမ်းတဖက်က အိမ်အတွင်းထဲအထိ လွင့်စဉ်လာခဲ့ပြီး အိပ်ပျော်နေတဲ့ လူကြီးတဦးအနီး ရှပ်ဖြတ်သွားတယ်လို့ ပြောပါတယ်။

မေ ၂၂ ရက် မနက် ၁ နာရီလောက်က လားရှိုးမြို့နယ်၊ ဆုံကွယ်ရွာ၊ အေတီသျှမ်းကုန်းနား နည်းပညာအထက်တန်းကျောင်း အဆောက်အအုံကို PDF က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်သွားခဲ့တာကြောင့် ရှော့တိုက်ဒုံး ၆ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး သုံးထပ်ဆောင်နဲ့ အပေါ်ထပ်အမိုး၊ မျက်နှာကြက်နဲ့ မှန်တံခါးတွေ ထိမှန်ပျက်စီးခဲ့တယ်လို့ စစ်တပ်ပိုင် တယ်လီဂရမ်ချန်နယ်မှာ ဖော်ပြထားပါတယ်။

စစ်ဆေးမှုတွေ ရှိနေပေမဲ့ လမ်းပိတ်တာမျိုး၊ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာမျိုးမရှိဘဲ ကျောင်းထဲမှာပဲ ဝင်စစ်တာလို့လည်း ဆိုပါတယ်။ ပေါက်ကွဲမှုကြောင့် ရပ်ကွက်ထဲမှာလည်း စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်နေကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013