DVB Logo
Home
မြန်မာသတင်း
ကုလားတန်နှင့် မယူမြစ်ကြောင်းရှိ ရွာ ၇၀ ကျော် ဆားငန်ရေဝင်သဖြင့် သောက်သုံးရေ အခက်ကြုံ
DVB
·
May 22, 2023
ကုလားတန်နှင့် မယူမြစ်ကြောင်းရှိ ရွာ ၇၀ ကျော် ဆားငန်ရေဝင်သဖြင့် သောက်သုံးရေ အခက်ကြုံ
Donate to DVB

ဆိုင်ကလုန်း မိုခါဝင်ရောက်ခဲ့တဲ့ ရခိုင်ပြည်နယ်က ကုလားတန်နဲ့ မယူမြစ်ပေါ်မှာရှိ ရွာ ၇၀ လောက် ဆားငန်ရေဝင်တာကြောင့် သောက်သုံးရေတွက် အခက်ကြုံနေရသလို ကျွဲနွားတိရစ္ဆာန်တွေလည်း သေဆုံးနေတယ်လို့ ဝေဟင်အောင်ပရဟိတအဖွဲ့က သိရပါတယ်။

ဝေဟင်အောင်ပရဟိတအဖွဲ့ရဲ့ ဦးဆောင်သူ ကိုဝေဟင်အောင်က “ပေါက်တောမြို့နယ် ကုလားတန် မြစ်​ကြောင်း ကျေးရွာတွေမှာရှိတဲ့ ရေကန်တွေအားလုံး ပျက်စီးသွားတယ်။ သောက်စရာရေလည်း မရှိဘူး။ သုံးစရာရေလည်း မရှိဘူး။ ကျေးရွာအရေတွက် ကတော့ ၅၀ လောက်ရှိမယ်”လို့ ပြောပါတယ်။

မယူမြစ်ကြောင်း မိုးစဲကျွန်းအနောက်ဘက်က ဆားပြင်ကြီး၊ ဆားပြင်ချေကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်လောက်က သောက်သုံးရေကန်တွေလည်း ဒီရေမြင့်တက်ပြီး ဆားငန်ရေ တွေ ဝင်ရောက်ခဲ့လို့ ရေကန်တွေ အားလုံးပျက်စီးခဲ့တယ်လို့ သိရပါတယ်။

လူတွေအတွက်က ရေကန်ကျန်ခဲ့တဲ့ကျေးရွာတွေမှာ စက်လှေတွေနဲ့ သွားခပ်ပြီး သုံးစွဲလို့ ရပေမဲ့ ကျွဲနွားတိရစ္ဆာန်တွေအတွက် သောက်ရေမရှိလို့ ဆက်တိုက်သေဆုံးနေတယ်လို့ ကိုဝေဟင်အောင်က ပြောပါတယ်။

အဲဒီရေကန်တွေကို မိုးမရွာမီ အချိန်မီ မစုပ်ထုတ်နိုင်ရင် သူတို့အတွက် သောက်သုံးရေ အခက်ခဲ ဖြစ်နိုင်တာကြောင့် ရေစုပ်စက်တွေနဲ့ ကန်အားလုံး မဟုတ်ရင်တောင် ရွာတရွာမှာ ၅ ကန် လောက်ရှိရင် ၃ ကန်လောက်ကို သန့်ရှင်းသွားအောင် စုပ်ထုတ်ပေးနေတယ်လို့ ဆိုပါတယ်။

မုန်တိုင်းသင့်ပြည်သူတွေအတွက် မိုးကာ၊ စောင်၊ ခြင်ထောင်၊ အဝတ်ထည်၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ အရေးပေါ်အကူညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013