DVB Logo
Home
မြန်မာသတင်း
စစ်တွေ၌ စီးကရက်မျိုးစုံ သိုလှောင်ထားသည့်ဂိုထောင် မီးလောင်
DVB
·
May 21, 2023
စစ်တွေ၌ စီးကရက်မျိုးစုံ သိုလှောင်ထားသည့်ဂိုထောင် မီးလောင်
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေမြို့၊ နာဇီရွာရပ်ကွက်ရှိ စီးကရက်မျိုးစုံ သိုလှောင်ထားတဲ့ ဂိုထောင်တခု မေ ၂၁ ရက် မွန်းလွဲ  ၂ နာရီခွဲက  မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။ 

စစ်တွေမြို့ မီးသတ်ဦးစီးဌာနက မီးသတ်ကား ၅ စီးနဲ့ လာရောက် မီးငြှိမ်းနေပေမဲ့  အခု ၃ နာရီ ၄၅ အထိ မီးငြိမ်းသတ်နိုင်ခြင်း မရှိသေးပါဘူး။

နာဇီရွာဒေသခံတဦးက "အလွန်အန္တရယ်များပါတယ်။ စီးကရက်ဖာတွေ ထောင်လိုက်သောင်းလိုက် သိုလှောင်ထားတာ။ အိမ်တွေက တိုက်အိမ်တွေ ဖြစ်နေလို့။ ဟိုဘက်မှာလည်း ဆီပေပါတွေ သိုလှောင်ထားတဲ့ ဂုံတင်(ဂိုထောင်) ရှိနေတာ" လို့ ပြောပါတယ်။

မီးလောင်ရတဲ့ အကြောင်းရင်းကို လက်တလော မသိရှိရသေးပါဘူး။

၂၀၂၂ ခုနှစ် မီးလောင်ဆုံးရှုံးမှုမှာ စစ်တွေမြို့နယ်နဲ့ မောင်တောမြို့နယ်အများဆုံးဖြစ်ပြီး စုစုပေါင်းအကြိမ်ရေ ၇၃ ကြိမ်ရှိကာ အဆောက်အအုံ ၄၇၃ ကြိမ်၊ ဂိုထောင် ၄ လုံး၊ သေဆုံးသူ ၁ ဦး၊ ဒဏ်ရာရသူ ၆ ဦးနဲ့ မီးဘေးဒုက္ခသည် ၁၈၀၀ ကျော်ထိ ရှိခဲ့တယ်လို့ ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနရဲ့ အချက်လက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013