DVB Logo
Home
မြန်မာသတင်း
ဆင်ဖြူကျွန်းဒေသတွင် မိုခါမုန်တိုင်းကြောင့် သေဆုံးသူ  ၄ ဦးရှိလာ၊ ပြန်လည်ထူထောင်ရေး အကူအညီများလိုအပ်နေ 
DVB
·
May 21, 2023
ဆင်ဖြူကျွန်းဒေသတွင် မိုခါမုန်တိုင်းကြောင့် သေဆုံးသူ  ၄ ဦးရှိလာ၊ ပြန်လည်ထူထောင်ရေး အကူအညီများလိုအပ်နေ 
Donate to DVB

မိုခါမုန်တိုင်းအရှိန်နဲ့ ရုတ်တရက်ရေကြီးမှုကြောင့် လူတယောက် ထပ်မံသေဆုံးသွားတဲ့အတွက် မကွေးတိုင်း၊ မင်းဘူးမြို့နယ် ဆင်ဖြူကျွန်းဒေသမှာ သေဆုံးသူ စုစုပေါင်း  ၄ ဦးအထိ ရှိလာပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက်လည်း အကူအညီတွေ များကြီးလိုအပ်နေတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ဆင်ဖြူကျွန်းမြို့၊ စွန်းကျွန်းညိုကျေးရွာနေ အသက် ၃၄ နှစ်အရွယ် ကိုကျော်လင်းရွှေရဲ့ ရုပ်အလောင်းကို ဘိုတဲကုန်းရွာဟောင်းရပ်ရဲ့ အရှေ့မြောက်ဘက် မဟာမြိုင်ကွင်းထဲမှာ မေ ၁၇ ရက်နေ့လယ်က တွေ့ရှိခဲ့ပြီး သယ်ယူဖို့ ခက်ခဲလို့ ရုပ်အလောင်းကို တွေ့ရှိတဲ့ နေရာမှာပဲ တခါတည်း မီးသင်္ဂြိုဟ်ခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

ကိုကျော်လင်းရွှေဟာ ဆင်ဖြူကျွန်းမြို့၊ မြောက်ရှားတောကျေးရွာဘက်မှာ မုန်တိုင်းတိုက်ရေတွေကြီးနေတဲ့  မေ ၁၄ ရက် ညနေမှာ မြက်ရိတ်စဉ် ရေစီးထဲ မျောပါသေဆုံးခဲ့တာ ဖြစ်ပါတယ်။ 

ဆင်ဖြူကျွန်းဒေသမှာ မိုခါမုန်တိုင်း ရုတ်တရက်ရေကြီးမှုကြောင့် သေဆုံးသူ စုစုပေါင်း ၄  ဦးအထိရှိလာပြီလို့ ဒေသခံတွေက အတည်ပြုထားပါတယ်။ 

မုန်တိုင်းကြောင့် ဆင်ဖြူကျွန်းဒေသမှာ လူပေါင်း ၂၆၀၀၀ ကျော် သဘာဝဘေးဒုက္ခခံစားနေရပေမဲ့ စစ်ကောင်စီက အကူအညီပေးတာမရှိကြောင်း၊ အလှူရှင်တချို့ လာရောက်ကူညီပေးတာရှိပေမဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အတွက် အကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “လက်ရှိမှာအလှူရှင်တွေ လာရောက်လှူပေးနေတာရှိတယ်။ လတ်တလော စားဖို့နေဖို့က အခက်ခဲတွေက များစွာရှိနေတယ်။ အလုပ်တွေက ဘာမှမလုပ် ရတော့ လူတွေဘေးဒုက္ခက မျိုးစုံနဲ့တွေ့ရတယ်။ ဆင်ဖြူကျွန်းမြို့ပေါ်နဲ့ ကျေးရွာတွေမှာ အိမ်သုံး အိုးခွက်ပန်ကန်တွေကအစ လိုအပ်နေပါတယ်။ ဒါပေမဲ့ စိုက်ပျိုးရေးလုပ်ငန်း မွေးမြူရေးလုပ်ငန်းတွေက ပြည်လည်ထူထောင်ရေး လုပ်ရမှာက ငွေနဲ့အချိန်တွေ မလုံလောက်သေးဘူး”လို့ ပြောပါတယ်။

မိုခါမုန်တိုင်းကြောင့် ဆင်ဖြူကျွန်းဘက်ရွာတွေမှာ အဓိကစိုက်ပျိုးရေးလုပ်ငန်း ပဲတီစိမ်းနဲ့ နှမ်း စိုက်ဧကပေါင်း ရာချီပျက်စီးဆုံးရှုံးရသလို ရေကြီးရေလျှံခဲ့တဲ့ ရပ်ကွက် ၃ ရပ်ကွက်၊ ကျေးရွာ ၅၃ ရွာရှိ အိမ်ထောင်စု  ၆၁၈၃ စု ၊အိမ်ခြေ  ပေါင်း  ၅၉၉၃ အိမ် ၊ လူဦးရေစုစုပေါင်း  ၂၆၅၆၁  ရေးဘေးဒုက္ခ ခံစားနေရပြီး နေအိမ် ၈၇ လုံး ရေမျောပျက်စီးဆုံးရှုံးသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013