DVB Logo
Home
မြန်မာသတင်း
မြိုင်တွင် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံရ၊ ပခုက္ကူ အမှတ် ၁၀၁ ‌တပ်မ ခြေမြန်ဌာနချုပ် ရှော့တိုက် ဒုံးဖြင့် ပစ်ခတ်ခံရ
DVB
·
May 21, 2023
မြိုင်တွင် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံရ၊ ပခုက္ကူ အမှတ် ၁၀၁ ‌တပ်မ ခြေမြန်ဌာနချုပ် ရှော့တိုက် ဒုံးဖြင့် ပစ်ခတ်ခံရ
Donate to DVB

မကွေးတိုင်း မြိုင်မြို့နယ်မှာ မေ ၁၉ ရက် မနက်ပိုင်းက စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူရှိနိုင်တယ်လို့ မြိုင်မြို့နယ် ပကဖ က သိရပါတယ်။

မြိုင်မြို့နယ် စက်မှု(၂)စစ်ကောင်စီတပ်ကို လျှပ်စစ်ပေးနေတဲ့ ဓာတ်အားလိုင်းကို လာရောက်ပြုပြင်တဲ့ စစ်ကောင်စီယာဥ်တန်းကို မေ ၁၉ ရက် မနက် ၉ နာရီလောက်က သရက်ကန်နဲ့ တွင်းမရွာ ပျူစခန်းကြားမှာ မိုင်းအကြီး၊ အသေးတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖ တပ်ရင်း(၁)တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်ပြီး ကားတစီး ပျက်စီး ရပ်တန့်ကာ သူတို့ရဲ့ ထောက်ပို့လမ်း ပျက်စီးသွားပေမယ့် အဲဒီလမ်းကို စစ်ကြောင်းအကာကွယ်နဲ့ လုံခြုံရေးယူပြီး ချက်ချင်းပြန်ထွက်သွားတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း(၁)က တပ်ခွဲတွေနဲ့ အလင်းတန်းပြောက်ကျား တပ်ဖွဲ့၊ KMDF၊ ဘီလုံးငှက်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော်တွေ ထိခိုက်မှု မရှိခဲ့ဘူးလို့ ပြောပါတယ်။

မြိုင်မြို့နယ်မှာ မေ ၁၇ ရက် ညနေပိုင်းကလည်း စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တခု တိုက်ခိုက် ခံရပြီး ၈ ယောက် သေဆုံးခဲ့တယ်လို့ မြိုင်ပကဖက သိရပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ ခြေမြန်တပ်ရင်း တပ်မ ၁၀၁ တပ်ရင်းဌာနချုပ်ကို မေ ၁၉ ရက် မနက်ပိုင်းက တာဝေးပစ် ရှော့တိုက်ဒုံး ၅ လုံးနဲ့ PDF မဟာမိတ် ပူးပေါင်းအဖွဲ့တွေက ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ မေ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ၊ Pakokku Special Guerrilla Force-PSGF အဖွဲ့က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခံရတာကြောင့် ပခုက္ကူမြိုနဲ့ အနီးတ၀ိုက် ည ၆ နာရီနောက်ပိုင်း အပြင် မထွက်ရအမိန့်ကို စစ်တပ်ဘက်က ထုတ်ပြန်ထားပြီး ရန်သူဘက်က ထိခိုက် သေဆုံးအခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးပါဘူးလို့ ဆိုပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပ.က.ဖ တပ်ခွဲ(၁)၊ Pakokku Special Guerrilla Force(ပကဖ-PSGF)၊ Pakokku Special Task Fore (ပကဖ PSTF)နဲ့ King Fighter၊Pku North Pdf၊‌ ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ Urban Underground Revolution Force (UURF)အဖွဲ့တို့က ပူးပေါင်းပစ်ခတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013