DVB Logo
Home
မြန်မာသတင်း
ဝက်လက်မြို့မရဲစခန်း၊ မီးသတ်ရုံးနှင့် မြိုင်ဘက်လာသည့် စစ်ကားများ တိုက်ခိုက်မိုင်းဆွဲခံရ
DVB
·
May 20, 2023
ဝက်လက်မြို့မရဲစခန်း၊ မီးသတ်ရုံးနှင့် မြိုင်ဘက်လာသည့် စစ်ကားများ တိုက်ခိုက်မိုင်းဆွဲခံရ
Donate to DVB

စစ်ကိုင်းတိုင်း ဝက်လက်မြို့က မြို့မရဲစခန်းနဲ့ မီးသတ်စခန်းကို မေ ၁၉ ရက်မှာ တကြိမ်စီ တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း ၁၅ Eagle Guerrilla Force ထံက သိရပါတယ်။

မနေ့ မနက် ၇ နာရီလောက်မှာ ဝက်လက်မြို့မရဲစခန်းကို တကြိမ်၊ ညနေ ၆ နာရီမှာ မြို့မမီးသတ်စခန်းကို တကြိမ် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ မီးသတ်ရုံးထဲက ပျူစောထီး ၂) ဦး သေဆုံးပြီး ရဲစခန်းအတွင်း ထိခိုက်မှုက်ိုတော့ တိတိကျကျ မသိရသေးဘူးလို့ ဆိုပါတယ်။

Eagle Guerrilla Force ဗိုလ်ကောက်ရိုးက  “ရဲစခန်းထဲက ထိခိုက်မှုက မသိရသေးဘူး။ ဝက်လက်မြို့ဆေးခန်းက ဆရာမတွေကို ရဲစခန်းထဲ ခေါ်သွားတယ်လို့ သတင်းရပြီး မီးသတ်ရုံဘက်က ပျူ ၂ ကောင် ကနဦး သေတယ် သိရပါတယ်” လို့ ပြောပါတယ်။

ရဲစခန်းထဲမှာက ရဲ နဲ့ ပျူစောထီးတွေ နေကြတာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေက မီးသတ်ရုံးနဲ့ သစ္စာအောင်မြေ ဘုန်းကြီးကျောင်းမှာ အထိုင်ချတပ်စွဲထားတာဖြစ်ပါတယ်။

မကွေးတိုင်း ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာကနေ မြိုင်မြို့နယ်ဘက်ကို ထွက်လာတဲ့ စစ်ကားတွေကို  မေ ၁၉ ရက် နေ့လယ် ၂ နာရီဝန်းကျင်က မိုင်းဆွဲခဲ့တယ်လို့ Earthquake Peoples Defense Force ထံက သိရပါတယ်။

စစ်သား ၃၀ ဝန်းကျင်ပါတဲ့ဖောကား ၁ စီးနဲ့ အိမ်စီးကား ၂ စီးကို ပဒေသာမိုင်း ၁၂ လုံးနဲ့ မိုင်းဆွဲ ခဲ့တယ်လို့ Earthquake People Defense Force က သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုပိန်က ပြောပါတယ်။

"အင်ပင်ကျေးရွာကို ကျနော်တို့ဘက်က နေ့တိုင်းနီးပါး  ဒရုန်းနဲ့ ဗုံးချတယ်။ အဲဒီတော့ သူတို့ ကျနော် တို့ဆီ လာတာကို မိုင်းဖောက်ခွဲခဲ့တာပါ။"

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ထိခိုက်ဒဏ်ရာ ရသူရှိတဲ့အတွက် လက်နက်ငယ်နဲ့ ပြန်လည်ပစ်ခတ်ကာ ကား ၃စီးလုံး ပခုက္ကူဘက်ကို ပြန်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာမှာတပ်စွဲထားတဲ့  စစ်ကောင်စီတပ်စစ်သားတွေကို မေ ၁၇ ရက်က ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၂ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013