မြန်မာနိုင်ငံက မိုခါမုန်တိုင်းသင့်ပြည်သူတွေ ပြန်လည်ထူထောင်ဖို့ အာဆီယံက မေ ၂၁ ရက်မှာ လူသားချင်း စာနာထောက်ထားမှုနဲ့ ထောက်ပံ့မှုတွေကို စတင်မယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ဒေသတွင်းသတင်းဌာနတွေကို ပြောပါတယ်။
မြန်မာနိုင်ငံကို ကူညီထောက်ပံ့ပေးမယ့် အထောက်အပံ့ပစ္စည်းတွေလည်း မလေးရှားနဲ့ ထိုင်းနိုင်ငံက အာဆီယံရဲ့ သဘာဝဘေးအန္တရာယ်ကူညီထောက်ပံ့ရေးသတ်မှတ် ဂိုဒေါင်တွေမှာရောက်ရှိနေပြီး မေ ၂၂၊ ၂၃ ရက်နေ့တွေမှာ ထောက်ပံ့ပေးပို့သွားမယ်လို့ Bernama သတင်းမှာ ဖော်ပြထားပါတယ်။
အာဆီယံရဲ့ လူသားချင်းစာမှု နဲ့ ညှိနှိုင်းရေးဆိုင်ရာစင်တာက တာဝန်ရှိသူတွေနဲ့ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံက ကိုယ်စားလှယ်တွေကိုယ်တိုင် အရေးပေါ် သဘာဝဘေးအန္တာရယ် ကူညီပေးမယ့်အဖွဲ့တွေကို ပံ့ပိုးပေးဖို့ မြန်မာနိုင်ငံထဲ ရောက်ရှိနေပြီလို့ ဆိုပါတယ်။
လက်ရှိမှာတော့ အဆိုပါအာဆီယံတာဝန်ရှိသူတွေက မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံက စာရင်း တွေကို ကောက်ယူနေပြီး အမြန်ဆုံးကူညီပေးမယ်လို့ ဖော်ပြထားပါတယ်။
မေ ၁၄ ရက်က စတင်တိုက်ခတ်ခဲ့တဲ့ မိုခါအင်အားပြင်းမုန်တိုင်းက ရခိုင်ပြည်နယ်ထဲက မြို့နယ်တွေကို ပျက်စီးစေခဲ့ပြီး စစ်တွေမြို့မှာ ၉၀ ရာခိုင်နှုန်းပျက်စီးသွားကာ ရိုဟင်ဂျာဒုက္ခသည် စခန်းက ဒုက္ခသည် ၁၀၀ ကျော်သေဆုံးသွားခဲ့ပြီး နိုင်ငံတဝန်းက မုန်တိုင်းဒဏ်ခံခဲ့ရတဲ့မြို့တွေမှာ ကုန်စျေးနှုန်းတက်တာတွေနဲ့ သွားလာရ ခက်တာတွေ ကြုံတွေ့နေကြရပါတယ်။
source-Bernama