DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့တွင်  မီတာခ ဈေးတက်
DVB
·
May 20, 2023
မြိတ်မြို့တွင်  မီတာခ ဈေးတက်
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ဧပြီလအတွက် လျှပ်စစ်မီတာခနှုန်းထားတွေဟာ တစ်ယူနစ်ကို ၁၀၇၆ ကျပ်ထိတက်လာပြီး ဒေသတွင်း မီတာခစျေးအမြင့်ဆုံးမြို့ ဖြစ်လာတယ်လို့ မြိတ်မြို့ခံတွေထံက သိရပါတယ်။ 

မြိတ်မြို့ရဲ့  ဧပြီလ မီတာခဟာ တစ်ယူနစ်ကို ၁၀၇၆ ကျပ်ရှိပြီး ကော့သောင်းမြို့ရဲ့  အီးပီစီ လျှပ်စစ်မီတာခကတော့ ၁ ယူနစ်ကို ၁၀၃၀ ကျပ်ရှိတဲ့အတွက်  မြိတ်မြို့ဟာ ကော့သောင်းမြို့ရဲ့ မီတာခထက် ကျပ် ၃၀  ကျော် ပိုများလာတာဖြစ်ပါတယ်။

ကော့သောင်းမြို့က  လျှပ်စစ်မီးဖြန့်ဖြူးနေတဲ့ အစိုးရ အီးပီစီနဲ့ ပုဂ္ဂလိက ဖိုးသီးချိုဆိုတဲ့ လျှပ်စစ်မီး လုပ်ငန်း နှစ်ခုရှိပြီး အစိုးခေတ်အဆက်ဆက်မှာ မီတာခအမြင့်ဆုံး မြို့ဖြစ်ခဲ့ပေမဲ့ အခုခါမှာတော့ မြိတ်မြို့ရဲ့ လျှပ်စစ်မီတာခက ကော့သောင်းကို ကျော်တက်သွားပါပြီ။ 

မြိတ်မြို့ခံ တဦးက "ကော့သောင်းထက် မြိတ်မြို့က မီတာခကျော်တက်သွားလို့ လူတွေလည်း ဝေဖန်နေကြတယ်။ ရာသီဥတုကလည်း အရမ်းပူတော့ အိမ်တိုင်းအနည်းဆုံးအဆင့် ပန်ကာ တနေ့လုံးသုံးနေတော့ ယူနစ်တွေ အရမ်းတက်တယ်။ ဒီအတွက်တစ်လတစ်လ မီတာခနဲ့ လူတွေ အရမ်းခက်ခဲပြီးပေးနေရတယ်"လို့ ပြောပါတယ်။

တင်ဒါသတ်မှတ်ချက်ပါ စျေးနှုန်းအရ ဒီဇယ် ၁ ပေပါကို ကျပ် ၁ သိန်းပေါက်စျေးရှိရင် ၁ ယူနစ်ကို ၂၃၈ ကျပ်နှုန်း၊ နှစ်သိန်းပေါက်စျေးရှိရင် ၁ ယူနစ်ကို ၄ဝ၉ ကျပ်သာရှိတယ်လို့ သိရပါတယ်။

လက်ရှိ ဒေသတွင်း ဒီဇယ် ၁ ပေပါရဲ့ ပေါက်စျေးဟာ ၅ သိန်း ဝန်းကျင် ရှိနေတဲ့အတွက် ၁ ယူနစ် ကျပ် ၉ဝဝ ကျော်သာ ကျသင့်ရမှာဖြစ်တယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

မြိတ်မြို့ရဲ့ မီတာခဟာ   မတ်လက ၁ ယူနစ် ၁၁ဝဝ ကျပ်ကျော် ရှိခဲ့ပြီး ဧပြီလမှာ ၁၀၇၆ ကျပ် ရှိတယ်လို့သိရကာ ကော့သောင်းမြို့မှာတော့ မတ်လက လျှပ်စစ်မီတာခစျေးနှုန်းဟာ ၁ ယူနစ်ကို ၁၀၆၀ ကျပ်ပေးခဲ့ရပြီး ဧပြီလမှာ ၁၀၃၀ ကျပ် ရှိတယ်လို့သိရတယ်။

မြိတ်မြို့မှာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလက မီတာခဈေးနှုန်းမှာ ၁ ယူနစ်ကို ၁၁၂၈ ကျပ်နဲ့ ဈေးအမြင့်ဆုံးရှိခဲ့တယ်လို့သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013