DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းဒဏ်သင့် စစ်တွေမြို့နေ ပြည်သူများအတွက်  ကြက်ခြေနီက ရေနှင့် ဆေးဝါးသာ ထောက်ပံ့
DVB
·
May 20, 2023
မုန်တိုင်းဒဏ်သင့် စစ်တွေမြို့နေ ပြည်သူများအတွက်  ကြက်ခြေနီက ရေနှင့် ဆေးဝါးသာ ထောက်ပံ့
Donate to DVB

စစ်တွေမှာ အင်အားပြင်း မိုခါဆိုက်ကလုန်းမုန်တိုင်းဒဏ်သင့် ဒုက္ခသည်တွေကို နိုင်ငံတကာကြက်ခြေနီအသင်း (ICRC) နဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) တို့က ရေနဲ့ ဆေးဝါးတွေသာ ထောက်ပံ့ပေးနိုင်သေးကြောင်း တာဝန်ရှိသူတွေထံက သိရပါတယ်။

မုန်တိုင်းတိုက်ပြီးကတည်းက ICRC အနေနဲ့ MRCS က သောက်သုံးရေနဲ့ ဆေးဝါးတွေကို အဓိကထား ကူညီထောက်ပံ့ပေးနေပါတယ်။

စားနပ်ရိက္ခာနဲ့ အိမ်ဆောက်ပစ္စည်းတွေ ကူညီထောက်ပံ့ဖို့တော့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြတဲ့ လေဘေးဒုက္ခသည်တွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို စတင် စာရင်းကောက်ယူနေကြပါတယ်။

မေ ၁၄ ရက်က စစ်တွေမြို့ကို ဗဟိုပြု တိုက်ခတ်သွားတဲ့ အင်အားပြင်း မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် စစ်တွေမြို့နယ်မှာ အားလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရပြီး ဆင်းရဲသူ ဆင်းရဲသားတွေ နေရေးထိုင်ရေးနဲ့ စားနပ်ရိက္ခာ အခက်အခဲတွေကို ဆိုးဝါးစွာ ရင်ဆိုင်နေကြရတာပါ။

ဓညဝတီရပ်ကွက်မှ အမျိုးသမီးတဦးက “ကျမတို့ကျေးရွာတွေကို ဘယ်အဖွဲ့အစည်းမှ လာပြီး လေမုန်တိုင်းတိုက်ပြီးကတည်းက ဒီနေ့အထိ လာရောက်ကူညီတာ မရှိသေးပါဘူး။ တနေ့လုပ်မှ တနေ့ရှာစားနေရသူတွေပါ။ အိမ်လည်း မပြင်နိုင်သေးပါဘူး။ မိုးလုံဖို့ တာလပတ်တောင် မဝယ်နိုင်သေးဘူး။ မိုးရွာလာရင် ကလေးတွေနဲ့ ဘုန်းကြီးကျောင်းကို ပြေးကြရတယ်။ ဘုန်းကြီး​ကျောင်းတွေကလည်း အကုန်လုံး အမိုးအကာတွေ မပြုပြင်နိုင်ကြသေးတော့ ရတဲ့နေရာလေးမှာ မိုးခိုနေရကြရတယ်” လို့ ပြောပါတယ်။

လက်ရှိ မုန်တိုင်းအလွန် ၅ ရက်မြောက် ဒီနေ့ မေ ၁၉ ရက်အထိ စစ်တွေမြို့နယ်မှာ INGO နဲ့ NGO အဖွဲ့တွေက ရိက္ခာကူညီထောက်ပံ့မှုမရှိတာ၊ ဆန်အပါအဝင် တခြားစားသောက်ကုန်တွေ ဈေးနှုန်းမြင့်တက်လာနေတာတွေကြောင့် ဆင်းရဲသား ပြည်သူတွေ ဖြစ်သလို နေထိုင်နေကြရပြီး အငတ်ဘေး​ ရင်ဆိုင်နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013