DVB Logo
Home
မြန်မာသတင်း
ကေအန်ယူ ဗဟိုခေါင်းဆောင်သစ်များ၏ ဆုံးဖြတ်ချက်ကို စောင့်ကြည့်နေဟု တပ်မဟာ ၅ ပြော
DVB
·
May 19, 2023
ကေအန်ယူ ဗဟိုခေါင်းဆောင်သစ်များ၏ ဆုံးဖြတ်ချက်ကို စောင့်ကြည့်နေဟု တပ်မဟာ ၅ ပြော
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မူတြော်ခရိုင် တပ်မဟာ ၅ အနေနဲ့ သူတို့တောင်းဆိုထားတဲ့ အချက်တွေနဲ့ပတ်သက်ပြီး ဗဟိုခေါင်းဆောင်သစ်တွေဘယ်လို ဖြေရှင်းသွားမလဲဆိုတာ စောင့်ကြည့်သွားမယ်လို့ ကေအန်ယူ တပ်မဟာ ၅ က  ထုတ်ပြန်ပါတယ်။

ကေအန်ယူ ဗဟိုအလုပ်မှုဆောင်ကော်မီတီဝင်တွေရဲ့ လုပ်ဆောင်ရမယ့် ဆုံးဖြတ်ချက်တွေကိုလည်း  ရှိပြီးသား ကေအန်ယူလမ်းစဉ်နဲ့ မထိခိုက်မဆန့်ကျင်ပါက လိုက်နာဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ကေအန်ယူ ထိပ်ပိုင်းခေါင်းဆောင်အချို့ဟာ ဒုစရိုက် စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သတ်နေပြီး အရေးယူ ဆောင်ရွက်ပေးခြင်းမရှိတဲ့အတွက်  ၁၇ ကြိမ်မြောက် ကွန်ဂရက်ကနေ နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်းတပ်မဟာ (၅) ဌာနချုပ်က မေလ ၈ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ကေအန်ယူ ဗဟိုထိပ်သီးခေါင်းဆောင်အချို့ဟာ  အာဏာကိုအလွဲသုံးစားပြီး ဒုစရိုက် စီးပွားရေး လုပ်ငန်းတွေမှာ ပါဝင် ပတ်သက်နေကြောင်းကို သတင်းနဲ့ ခိုင်လုံတဲ့ အထောက်အထားတွေအရ သိရှိရချိန်နဲ့  အကြမ်းဖက် စစ်ကောင်စီက ဂုဏ်ပြုချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဆုကို ကေအန်ယူ ဥက္ကဋ္ဌက လက်ခံခဲ့တဲ့ အချက်နှစ်ခုလုံးဟာ ကေအန်ယူ  စည်းမျဉ်းဥပဒေတွေနဲ့  ရပ်တည်ချက်ကို ချိုးဖောက်တယ်ဆိုတာ ငြင်းနိုင်ဖွယ်မရှိကြောင်း ထုတ်ပြန်ထားပါတယ်။

ကေအန်ယူ ထိပ်သီးခေါင်းဆောင်တချို့ပါဝင်ပတ်သက်မှု မကင်းတဲ့ နိုင်ငံတကာ ဒုစရိုက်စီးပွားရေးလုပ်ငန်းတွေ ဝင်ရောက်ထွန်းလာခြင်းဟာ ကေအန်ယူ အဖွဲ့အစည်းနဲ့ ကရင်တမျိုးသားလုံးအတွက် ကြီးမားတဲ့ ပြဿနာတခုဖြစ်တယ်လို့ ယူဆတဲ့အတွက် ဒီပြဿနာကို အလေးထားပြီး နည်းစနစ်ကျကျ အရေးယူဆောင်ရွက်ဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဟန်ပြသဘောနဲ့သာ ကိုင်တွယ်ဖြေရှင်းမယ်ဆိုရင်  အချိန်ကြာလာတဲ့အမျှ ဒုစရိုက်စီးပွားရေးလုပ်ငန်းတွေဟာ ကေအန်ယူရဲ့ နိုင်ငံရေးနဲ့ ကရင်တမျိုးသားလုံးရဲ့ စည်းလုံးညီညွတ်မှုကို ပျက်စီးစေမယ် သို့မဟုတ် အားနည်းဆုတ်ယုတ်စေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။  

ဒါပေမဲ့ ကေအန်ယူ ဗဟိုကွန်ဂရက်ဟာ တပ်မဟာ ၅ ရဲ့ စိုးရိမ်မှုတွေကို တင်ပြတောင်းဆိုမှုကိစ္စကို  အရေးမကြီးသလို သဘောထားခဲ့ပါတယ်။  ခိုင်မာသောအထောက်အထားနဲ့ စွပ်စွဲခံရတဲ့ တဲ့ခေါင်းဆောင်တချို့က သူတို့ရဲ့အမှားကို ဝန်ခံပါလျက်နဲ့ ကွန်ဂရက်က ဆုံးဖြတ်ချက်ကို ပေါ့ပေါ့တန်တန် ချမှတ်ခဲ့ကြောင်း ထောက်ပြထားပါတယ်။

ဒီလိုလုပ်ဆောင်တာဟာ ဒုစရိုက် စီးပွားရေးနဲ့ ဆက်နွှယ်နေတဲ့  ခေါင်းဆောင်တွေကို ကူညီကာကွယ်ပေးသလို ဖြစ်နေပြီး အဖွဲ့အစည်းရဲ့ မူဝါဒကို ဆန့်ကျင်ရာရောက်ကြောင်းနဲ့ ဒီဒုစရိုက်စီးပွားရေး လုပ်ငန်းတွေမှာ ကေအန်ယူရဲ့ (၁၆) ကြိမ်မြောက်ရွေးကောက်ပွဲ ကွန်ဂရက်က ရွေးချယ်ပေခဲ့တဲ့  အမြဲတမ်းကော်မတီက တာဝန်ခံရမှာ ဖြစ်မှာဖြစ်ကြောင်း ဖော်ပြပါတယ်။

ဒီပြဿနာကိုဖြေရှင်းပေးဖို့ ၁၇ ကြိမ်မြောက်ကွန်ရက်မတိုင်မီ အချိန်ကာလ ၂ လတွင်း တင်ပြခဲ့ပေမဲ့ ကျေနပ်လောက်တဲ့ အဖြေတစုံတရာမရရှိခဲ့ကြောင်းနဲ့၊ ဒီပြဿနာကို ရေတိုတွင် ဖြစ်စေ၊ ရေရှည်တွင်ဖြစ်စေ အရေးယူဆောင်ရွက်သွားဖို့ ၁၇ ကြိမ်မြောက်ကွန်ဂရက်မှာ ဆုံးဖြတ်ခဲ့ပေမယ့် အကောင်အထည်ဖော်မှု တစုံတရာမရှိသေးကြောင်း မူကြော်ခရိုင်၊ တပ်မဟာ ၅က ထုတ်ပြန်ထားပါတယ်။

ဒီအတွက် ဗဟိုအလုပ်မှုဆောင်တွေရဲ့ လုပ်ဆောင်ချက်ကို စောင့်ကြည့်နေကြောင်း ကေအန်ယူ တပ်မဟာ ၅ ပြောခွင့်ရသူ ဗိုလ်မှူး ကလယ်ဒိုက ဒီဗွီဘီကို ပြောပါတယ်။     

“မူတြော်ခရိုင်နဲ့ တပ်မဟာ(၅)တောင်းဆိုတဲ့အချက်ဖြစ်တဲ့ တရားမဝင် စီးပွားရေးစာရင်းထဲ နာမည်ပါတဲ့ ခေါင်းဆောင်တချို့ကို ရွေးကောက်ပွဲမှာ နာမည်မထည့်ဖို့ သူတို့ ငြင်းဆိုတယ်။ ဒါကြောင့် မူတြော်ခရိုင်နဲ့ တပ်မဟာ ၅ က ရွေးကောက်ပွဲမဝင်တော့ဘူး။ ရွေကောက်ပွဲမဝင်တော့ပေမဲ့ ခရိုင်မှူးနဲ့ တပ်မဟာမှူးတို့ဟာ ကေအန်ယူရဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဥ်းဥပဒေရ အလိုလိုဗ ဟိုကော်မတီဝင်ဖြစ်နေပြီးသားပဲ။ ရွေးကောက်ပွဲ မဝင်တော့ ခေါင်းဆောင်ရွေးချယ်တဲ့နေရာမှာ သူတို့မပါတာတခုဘဲ။ သူတို့ခွဲထွက်သွားတာမဟုတ်ဘူးနော်။ သူတို့ ကေအန်ယူရဲ့မူ လမ်းစဉ်အတိုင်းသွားမှာပါနော်။”

ကွန်ဂရက်ကနေ  နုတ်ထွက်လိုက်တာဟာ ကေအန်ယူ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့  လမ်းစဉ်အောက်ကနေ ခွဲထွက်သွားတာ မဟုတ်ဘဲ ကေအန်ယူအဖွဲ့အစည်းရဲ့  အနာဂတ်ဦးဆောင်မှု ပိုမိုကောင်းမွန်ခိုင်ခံ့ဖို့၊ လူထုတရပ်လုံးရဲ့ ယုံကြည်ထောက်ခံမှုကိုရရှိဖို့နဲ့ ကရင်တစ်မျိုးသားလုံး စည်းလုံးညီညွတ်မှု ပိုမိုအားကောင်းလာဖို့ဖြစ်ကြောင်း ကေအန်ယူတပ်မဟာ ၅  အမြဲတမ်း ကော်မတီက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013