DVB Logo
Home
မြန်မာသတင်း
တလလျှင် စစ်ဘေးရှောင် ၂ သိန်းကျော်ခန့်ကို စားနပ်ရိက္ခာထောက်ပံ့နိုင်ဟု NUG ပြော
DVB
·
May 19, 2023
တလလျှင် စစ်ဘေးရှောင် ၂ သိန်းကျော်ခန့်ကို စားနပ်ရိက္ခာထောက်ပံ့နိုင်ဟု NUG ပြော
1 / 3
Donate to DVB

နွေဦးတော်လှန်ရေး ၂ နှစ်တာ ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီကြောင့် ဘေးဒုက္ခ ရောက်နေကြရတဲ့ ပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီ ငွေကျပ် ၆ ဒသမ ၆ ဘီလီယံလောက် ပေးအပ်နိုင်ခဲ့ပြီး တလကို ပျမ်းမျှ စစ်ဘေးရှောင်ပြည်သူ ၂ သိန်းကျော် လောက်ကို စားနပ်ရိက္ခာထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

NUG အစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနရဲ့ ၂ နှစ်အတွင်း အဓိကလုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ သုံးသပ်ချက်တွေထဲမှာ ခုလိုဖော်ပြလိုက်တာ ဖြစ်ပါတယ်။

ကဏ္ဍအလိုက် ထောက်ပံ့ကူညီမှုတွေမှာတော့ နေရပ်စွန့်ခွာရသူတွေ၊ စစ်ဘေးရှောင်တွေ အတွက် ကျပ်သန်း ၃,၈၀၀ ကျော်နဲ့ အများဆုံးဖြစ်ပြီး ပြည်သူတွေအတွက် စားနပ်ရိက္ခာ ကြိုတင်ပြင်ဆင်မှု ကျပ် ၈၃၅ ဒသမ ၅ သန်း၊ ထိခိုက်/ကျဆုံးပြည်သူတွေနဲ့ သူတို့ရဲ့ မိသား စုဝင်တွေကို ထောက်ပံ့ကူညီမှု ကျပ် ၅၁၁ ဒသမ ၃ သန်း၊ CDM ပြည်သူ့ဝန်ထမ်းတွေ အတွက် ထောက်ပံ့ကူညီမှု ကျပ် ၃၇၅ ဒသမ ၅ သန်း၊ ထိခိုက်လွယ်ပြည်သူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ထောက်ပံ့ကူညီမှု ကျပ် ၂၈၅ ဒသမ ၃ သန်း၊ အထွေထွေ လူသားချင်း စာနာမှုအကူအညီ ကျပ် ၇၁၈ ဒသမ ၅ သန်းနဲ့ သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူ တွေအတွက် ကျပ် ၁၁ ဒသမ ၆ သန်းစီ အသီးသီး ပါဝင်နေတာပါ။

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် ထောက်ပံ့ကူညီမှုတွေကို နှိုင်းယှဉ်ကြည့်မယ်ဆို ရင်တော့ စစ်ကိုင်းတိုင်းဒေသကြီးကို ထောက်ပံ့ကူညီမှုငွေကျပ် ၂၄၅၅ သန်းကျော်နဲ့ အများဆုံးဖြစ်နေပြီး သူ့နောက်မှာတော့ မကွေးတိုင်းဒေသကြီးကို ငွေကျပ်သန်း ၈၀၀ ကျော်၊ ကရင်ပြည်နယ်ကို ၇၄၈ သန်းနီးပါးစီ အသီးသီး ရှိနေတာ တွေ့ရပါတယ်။

ဒါ့အပြင် အဆိုပါ ပံ့ပိုးကူညီမှုတွေထဲမှာ စစ်ကောင်စီနဲ့ နောက်လိုက်နောက်ပါအဖွဲ့တွေက မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်တွေ ဆုံးရှုံးခဲ့ရတဲ့ ပြည်နယ်နဲ့တိုင်းအသီးသီးက ဒေသခံ ပြည်သူတွေအတွက် ယာယီတဲတွေ ပြန်လည်ဆောက်လုပ်ပေးတာတွေကို လက်ရှိအချိန် အထိ ပြည်သူမှပြည်သူသို့လှူဒါန်းတဲ့ ရန်ပုံငွေနဲ့ ယာယီတဲပေါင်း ၂,၂၃၉ လုံး ဆောက်လုပ်ပေးပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ အသက်ဆုံးရှုံး ရမှု လျှော့ချနိုင်ဖို့လည်း ဝန်ကြီးဌာနက ရန်ပုံငွေကျပ်  ၁၁၉ သန်းလောက် အသုံးပြုပြီး တော့ ကြားကာလ ပညာရေးဖော်ဆောင်နေတဲ့ စာသင်ကျောင်းတွေမှာ ဗုံးခိုကျင်း ၇၉၈ ကျင်း တူးဖော်ပေးခဲ့ပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

NUG အစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနအနေနဲ့ ၂ နှစ်တာကာလအတွင်း စိန်ခေါ်မှုတွေကို ကျော်လွှားကာ လူသား ချင်းစာနာထောက်ထားမှု အကူအညီတွေကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးနေပြီး ပြည်သူတရပ်လုံးရဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆီ ရောက်ရှိတဲ့အထိ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ NUG အစိုးရက မိုခါ မုန်တိုင်းအရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေ ကန် ဒေါ်လာ ၁ သန်း ပံ့ပိုး သွားမှာ ဖြစ်တယ်လို့ ကနဦးထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013