DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် တရားမဝင်ဆင်းကတ်ရောင်းသည့် ထိုင်းအမျိုးသမီး ၁ ဦးနဲ့ မြန်မာအလုပ်သမား ၂ ဦး ဖမ်းဆီးခံရ
DVB
·
May 19, 2023
မဲဆောက်တွင် တရားမဝင်ဆင်းကတ်ရောင်းသည့် ထိုင်းအမျိုးသမီး ၁ ဦးနဲ့ မြန်မာအလုပ်သမား ၂ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ အွန်လိုင်းပေါ်ကနေ တရားမဝင် ဆင်းကတ်ရောင်းနေတဲ့ ထိုင်းအမျိုးသမီး ၁ ဦးနဲ့ မြန်မာအလုပ်သမား ၂ ဦးတို့ကို မေ ၁၈ ရက်က ဖမ်းဆီးအရေးယူထားတယ်လို့ ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မေ ၁၇ ရက်က မဲဆောက်မြို့မှာ ဆင်းကတ်ရောင်းနေတဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးခဲ့ရာ သူတို့ ၂ ဦးဟာ အလုပ်သမားတွေဖြစ်ပြီး ထိုင်းနိုင်ငံသူ အမျိုးသမီးဆီမှာ အလုပ်လုပ်ကိုင်နေသူများဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့တယ်လို့သိရပါတယ်။

ထိုင်းရဲတပ်ဖွဲ့ကနေ တရားမဝင်ဆင်းကတ်တွေ ရောင်းချနေသူ ထိုင်းအမျိုးသမီးနေထိုင်တဲ့ ထဆိုင်လွှက်ကျေးရွာရှိ နေအိမ်ကို ဝင်ရောက်စစ်ဆေးခဲ့ရာ အသင့်မှတ်ပုံတင်ပြီးသား ဆင်းကတ် ၄၃၉၇ ကတ်၊ လက်ကိုင်ဖုန်း (၂၀) လုံး၊ တယ်လီဖုန်းချိတ်ဆက်မှုအတွက် ကေဘယ်လ်ကြိုးများ၊ လိုင်စင်မဲ့ သေနတ် ၁ လက်နဲ့ ကျည်အတောင့် ၅၀ တို့ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ဆေးချက်အရ ထိုင်းနိုင်ငံသူ အမျိုးသမီးဟာ Facebook စာမျက်နှာကနေ တရားမဝင် ဆင်းကတ်တွေ ရောင်းချလာတာ ၆ နှစ်ခန့်ရှိခဲ့ပြီးတော့ မြန်မာနိုင်ငံ မြဝတီမြို့ကို တရားမဝင် ဆင်းကတ်ပေါင်း ၁၀၀၀၀ ကျော် ရောင်းချခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါဖမ်းဆီးရမိသူ ထိုင်းအမျိုးသမီးနဲ့ မြန်မာအလုပ်သမား ၂ ဦးကို မဲဆောက်မြို့ရဲစခန်းမှာ စစ်ဆေးမေးမြန်းနေပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013