DVB Logo
Home
မြန်မာသတင်း
ဗန်းမော်တွင် လူငယ် ၂ ဦးကို စစ်ကောင်စီတပ်က PDF အလင်းဝင် ဟန်ပြပွဲလုပ်ပြီး ဖမ်းဆီးထား
DVB
·
May 19, 2023
ဗန်းမော်တွင် လူငယ် ၂ ဦးကို စစ်ကောင်စီတပ်က PDF အလင်းဝင် ဟန်ပြပွဲလုပ်ပြီး ဖမ်းဆီးထား
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ မေလအတွင်း အိမ်ကိုပြန်လာတဲ့ PDF သင်တန်းဆင်းလူငယ် တဦးဖြစ်တဲ့ မြေနုရပ်ကွက်နေ နွေးထွေးနောင် (ခ) ဒေါင်းကြီးကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးသွားခဲ့ပြီးနောက်ပိုင်း တခြား ပတ်သက်ဆက်နွှယ်သူတွေကိုပါ လိုက်လံရှာဖွေနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နီးစပ်သူတဦးက “မေလ ၁၇ ရက်နေ့က ဗန်းမော်က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် စကခ ၂၁ ဗလမင်းထင်ခန်းမထဲမှာ အလင်းဝင်ကြောင်း၊ ထောက်ပံ့ငွေပေးအပ်ကြောင်း ကျင်းပပြုလုပ်တယ်လို့လည်း ကြားရတယ်။ သူ ဖော်ကောင်လုပ်နေတာ တခြား ပတ်သက်ဆက်နွှယ်သူတွေကိုပါ လိုက်ဖမ်းဆီးနေတယ်။ အဖမ်းခံလိုက်ရသူ နှစ်ယောက်လုံးက လိုင်ဇာ သင်တန်းအပတ်စဉ် ၁ ကသူတွေ။ စစ်ကောင်စီတပ်က အလင်းဝင်ပွဲကို ဟန်ပြမှတ်တမ်းတင်ပြီး ပြန်မလွှတ်ပေးဘဲ ဖမ်းထားတဲ့ နှစ်ယောက်ကို ပုဒ်မတချို့ပြန်တပ်ပြီး ဖမ်းထားတယ်လို့ ကြားရတယ်” လို့ ပြောပါတယ်။

အဆိုပါ KPDF လူငယ် အဖမ်းခံရပြီးနောက် ဗန်းမော်မြို့လယ်ရှိ သိမ်မဟာဘုရားဝန်း နောက်ကျောဘက်မှာ နေထိုင်တဲ့ စိုးလင်းထွန်း (ခ) ကြွက်ကလေးကိုလည်း စစ်ကောင်စီတပ်နဲ့ ရဲတွေက လာရောက်ဖမ်းဆီးသွားပါတယ်။

စစ်ကောင်စီက မေ ၉ ရက် ရက်စွဲနဲ့ PDF တွေအလင်းဝင်ဖို့နဲ့ လက်နက်အမျိုးအစားအလိုက် ဆုငွေထုတ်ပြီး ပြစ်ဒဏ်မှ လျှော့ပေါ့သက်သာခွင့်၊ လွတ်ငြိမ်းခွင့်ပေးမယ်လို့ စည်းရုံးနေကာ ဗန်းမော်မြို့အတွင်းရှိ တည်းခိုခန်း၊ ဟိုတယ်တွေကိုလည်း မကြာခဏ စစ်ဆေးရေး တင်းကျပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013