DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ်တွင် မုန်တိုင်းကြောင့် နေအိမ်နဲ့ အဆောက်အဦ ၁၉၀၀ ခန့်ပျက်စီး
DVB
·
May 18, 2023
ချင်းပြည်နယ်တွင် မုန်တိုင်းကြောင့် နေအိမ်နဲ့ အဆောက်အဦ ၁၉၀၀ ခန့်ပျက်စီး
1 / 9
Donate to DVB

ချင်းပြည်နယ်ထဲမှာ  မိုခါ အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်းကြောင့် ပြည်သူတွေရဲ့ အိုးအိမ်အဆောက်အဦ ၁၉၀၀ လောက် ပျက်စီးသွားတယ်လို့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီက ထုတ်ပြန်ပါတယ်။

မေ ၁၇ ရက်အထိ ရထားတဲ့အချက်အလက်တွေဖြစ်ပြီး ဆက်သွယ်ရေးခက်ခဲနေလို့ စာရင်းတွေ ပြောင်းလဲနိုင်တယ်လို့လည်း ဆိုပါတယ်။

ရထားတဲ့စာရင်းတွေအရ မတူပီမြို့နယ်ထဲမှာ အိမ်ခြေ ၈၈၇ လုံး၊ ဘာသာရေး အဆောက်အအုံ ၇ လုံး၊ ကျန်းမာရေးအဆောက်အအုံ ၄ လုံးနဲ့ စာသင်ကျောင်း ၁ ကျောင်း ပျက်စီးသွားလို့ အများဆုံး ဖြစ်ပါတယ်။

ဒေသတွင်းသတင်းဌာန ချင်းဂျာနယ်ကတော့ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့ပေါ်မှာ လူနေအိမ် ၁၂၀ လောက်ပျက်စီးသွားပြီး အိုင်ကာရွာ၊ ရွာဗားရွာ၊ လုံးခင်းရွာ၊ တိန်ဆီးရွာ၊ သွီးလောရွာနဲ့ ဖာနိုင်ရွာတို့မှာ အိမ်ခြေအပျက်အစီးများတယ်လို့ ဖော်ပြထားပါတယ်။

မင်းတပ်မြို့နယ်မှာ အိမ်ခြေ ၃၆၄ လုံး၊ ဘာသာရေးအဆောက်အအုံ ၇ လုံး၊ စာသင်ကျောင်း ၁၈ ကျောင်းနဲ့ စပါးကျီ ၁၇ ခု၊ ပလက်ဝ မြို့နယ်မှာ အိမ်ခြေ ၂၂၀၊ ဘာသာရေးအဆောက်အအုံ ၂ ခု၊ ကျန်းမာရေး အဆောက်အအုံ ၁ ခုနဲ့ စာသင်ကျောင်း ၁ ကျောင်း၊ ကန်ပက်လက်မြို့နယ်မှာ အိမ်ခြေ ၁၁၂ လုံး၊ ဘာသာရေးအဆောက်အအုံ ၃ ခု၊ စာသင်ကျောင်း ၅ ကျောင်းနဲ့ စပါးကျီ ၂ ခု၊ ဟားခါးမြို့နယ်မှာ အိမ်ခြေ ၈၅ လုံးနဲ့ ဘာသာရေးအဆောက်အအုံ ၁ လုံး၊ ဖလမ်းမြို့နယ်မှာ အိမ်ခြေ ၇၄ လုံး၊ ဘာသာရေးအဆောက်အအုံ ၉ လုံးနဲ့ စာသင်ကျောင်း ၅ ကျောင်း၊ ထန်တလန်မြို့နယ်မှာ အိမ်ခြေ ၂၇ လုံး ပျက်စီးသွားတဲ့စာရင်းကို ရရှိထားတယ်လို့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီက  ဆိုပါတယ်။

ပျက်စီးသွားတဲ့ လူနေအိမ်နဲ့ တခြားအဆောက်အအုံတွေကို ပြန်ပြင်ဖို့ အိမ်မိုးသွပ်ပြားတွေ၊ အိမ်ရိုက်သံတွေနဲ့ အမိုးစတွေ၊ စပါးကျီပျက်စီးသွားတဲ့ဒေသတွေအတွက် ဆန်ရိက္ခာနဲ့ အခြေခံစားသောက်ကုန်တွေ၊ အခြေခံအိမ်သုံးဆေးဝါးတွေလိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

မိုခါမုန်တိုင်းကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှာရှိတဲ့ ချင်းစစ်ဘေးဒုက္ခသည်စခန်း ၄ ခုမှာလည်း လူနေအိမ်တချို့ပျက်စီးသွားတယ်လို့ ချင်းဂျာနယ်က ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013