DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
May 18, 2023
တနင်္သာရီတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ
1 / 3
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ စစ်ကြောင်းထိုး ချီတက်လာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

မေလ ၁၇ ရက် မနက် ၇ နာရီလောက်က ဘန်းလမွတ်ရွာဘက်ကနေ ရမ်းဖိုရွာဘက်ကို အင်အား ၄ဝ ကျော်လောက်နဲ့ စစ်ကြောင်းထိုးတက်လာတဲ့ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို ဘန်းလမွတ်ကျေးရွာ ၄၃၃ တောင်ကြားမှာ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “စစ်ကြောင်းထိုးလာတာ အင်အား ၄ဝ ကျော်လောက်ရှိမယ်။ လက်နက်ကြီးနဲ့ ပြန်ပစ်တာတော့ရှိတယ်” လို့ ပြောပါတယ်။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီဘက်က တပ်သား ၅ ဦးသေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပြီး အတိအကျကိုတော့ ဒီဗွီဘီအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

အဆိုပါနေ့ မနက်အစောပိုင်းလောက်ကလည်း သကျက်ရွာဘက်ကနေ သိန္ဓောရွာဘက်ကို တက်လာတဲ့ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ ဘန်းပြည့်ရွာ အနောက်ဘက် အင်းချောင်းမှာ ထိတွေ့မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ဘန်းလမွတ်ကျေးရွာအုပ်စုဘက်မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတချို့ အသုံးပြုလို့မရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“MPT လိုင်းက‌‌တော့ ဖုန်းပြောလို့ရရုံလောက်ပဲ ပြောရတယ်။ အင်တာနက်လိုင်း‌တော့ သုံးလို့မရ‌တော့ဘူး” လို့ ဘန်းလမွတ် ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၇ ရက်ကလည်း မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပေါ်မှာ ခရီးသည်ကားတစီး အကာအကွယ်လုပ်ကာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပါတယ်။

ခရီးသွားပြည်သူတွေအနေနဲ့ စစ်ကောင်စီယာဉ်တန်း‌နဲ့ အနီးကပ် မသွားလာဖို့နဲ့ မြိတ်-တနင်္သာရီ လမ်းမကြီးကို ည ၈ နာရီကနေ မနက် ၅ နာရီအတွင်း ဖြတ်သန်းသွားလာခြင်း မပြုဖို့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေး ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013