DVB Logo
Home
မြန်မာသတင်း
ခမောက်ကြီးမြို့၌ PDF သင်တန်းဆင်းပွဲကျင်းပချိန် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး တိုက်ပွဲဖြစ်
DVB
·
May 17, 2023
ခမောက်ကြီးမြို့၌ PDF သင်တန်းဆင်းပွဲကျင်းပချိန် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး တိုက်ပွဲဖြစ်
1 / 2
Donate to DVB

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ ရှမ်းကိုးရွာဒေသကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြန်လည်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့ကြောင်း ကော့သောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ထံက သိရပါတယ်။

ရှမ်းကိုးရွာဒေသပိုင် ခမောက်ငယ်ကျေးရွာက ပျိုးခင်းဇုန်အတွင်းမှာ မေ ၁၅ ရက် မနက် ၉ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပြီး စခန်းအတွင်း သင်တန်းဆင်းပွဲ ပြုလုပ်နေတဲ့အချိန် စစ်ကောင်စီတပ်က သတင်းရပြီး အင်အားသုံး စစ်ကြောင်းထိုးလာတာလို့ သိရပါတယ်။

ကော့သောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက “သူတို့က စခန်းကို ရိပ်မိပြီးတော့ စစ်ကြောင်းထိုးလာတာပါ။ ကျနော်တို့ဘက်က အရင် လက်ဦးမှုယူလိုက်တယ်။ နှစ်ပွင့်စစ်ဗိုလ်နဲ့ ဒုတပ်ကြပ်တို့ နှစ်ယောက်စလုံး သေတယ်လို့ အတွင်းသတင်းပေးကတော့ ပြောတယ်” လို့‌ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကနေ အရင်လက်ဦးမှုရယူကာ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၂ ပွင့် ဗိုလ် ၁ ဦးနဲ့ တပ်ကြပ် ၁ ဦး သေဆုံးခဲ့တယ်လို့ ပြောပေမဲ့ ဒီသတင်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးသလို သီခြား အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကတော့ စစ်ကောင်စီတပ်နဲ့ အင်အားမညီမျှတာကြောင့် စခန်းကနေ ဆုတ်ခွာပေးခဲ့ရပေမဲ့ ထိခိုက်ကျဆုံးသူတော့ မရှိခဲ့ဘူးလို့ ပြောပါတယ်။

“သူတို့က သတင်းပေါက်ကြားလို့ ရုတ်တရက်ဝင်လာတော့ ကျနော်တို့ဘက်က သေချာမပြင်ဆင်လိုက်ရဘူး။ လက်ဦးမှုတော့ အရင်ရ‌သွားတဲ့အတွက် တော်သေးတယ်။ အင်အားက မညီမျှတော့ စခန်းက ဆုတ်ခွာလာရတယ်။ ထိခိုက်တဲ့သူတွေတော့ မရှိပါဘူး။”

ပြီးခဲ့တဲ့ မတ် ၄ ရက်ကလည်း ရှမ်းကိုးရွာဒေသမှာ စစ်ကောင်စီရဲ့ သတင်းပေးတချို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ရင်းခွဲ ၁ ခု တိုက်ခိုက်ခံခဲ့ရပြီး PDF တပ်သား ၉ ဦးအထိ သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

အဆိုပါ ရှမ်းကိုးရွာဒေသမှာ စစ်ကောင်စီတပ်က မကြာခန အင်အားသုံး စစ်ကြောင်းထိုး တိုက်ခိုက်လာတာတွေ ရှိတဲ့အပြင် လမ်းသွားလမ်းလာ ပြည်သူတချို့ကို ဖမ်းဆီးကာ PDF‌ စခန်းတွေဆီကို အတင်းလမ်းပြခေါ်ဆောင်ခိုင်းတာမျိုးတွေလည်း ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013