DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် စစ်တပ်က ကိုယ်ဝန်သည် အပါအဝင် ပြည်သူ ၃၀ ထက်မနည်း ဖမ်းဆီး
DVB
·
May 17, 2023
ဖားကန့်တွင် စစ်တပ်က ကိုယ်ဝန်သည် အပါအဝင် ပြည်သူ ၃၀ ထက်မနည်း ဖမ်းဆီး
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မေ ၁၇ ရက် မနက်က စစ်ကောင်စီတပ်က ကိုယ်ဝန်ဆောင်မိခင် အပါအဝင် ပြည်သူ ၃၀ ထက်မနည်းကို ဖမ်းဆီးသွားတယ်လို့  ဒေသခံတွေက ပြောပါတယ်။

နန့်ယားကျေးရွာနဲ့ ခင်တောင်ကျေးရွာကို စစ်ကောင်စီတပ် အင်အား ၂၀၀ နီးပါး ဝင်ရောက်လာပြီး ကလေးငယ်၊ ကိုယ်ဝန်ဆောင်မိခင်၊ သက်ကြီးရွယ်အို အပါအဝင် အမျိုးသား အမျိုးသမီး အယောက် ၃၀ ထက်မနည်းကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

နန့်ယားဒေသခံ အမျိုးသားတဦးက “မနက် ၂ နာရီလောက်က အဖမ်းခံရတာ။ ခင်တောင်ဘက်ကတော့ အဖမ်းခံရတာ ပိုများတယ်။ ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ သက်ကြီးရွယ်အိုတွေ ပါသွားတယ်။ နန့်ယားဘက်ကတော့ မနက်ခင်းဈေးမှာ အဖမ်းခံရတာ။ ကျနော်သိရသလောက် နှစ်ရွာပေါင်း အယောက် ၃၀ ကျော်လောက်ရှိမယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ် အင်အား ၂၀၀ နီးပါးဟာ တပ်အချိန်းအပြောင်းလုပ်ဖို့ ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ် ကာမိုင်းမြို့နယ်ဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောဆိုနေပေမဲ့ ဒီဗွီဘီအနေနဲ့ ဘယ်ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံပြည်သူတွေကို မကြာခဏ ဖမ်းဆီးတာတွေ ပြုလုပ်နေပြီး မေ ၄ ရက်က မှော်ဝမ်းရပ်ကွက်မှာ အမျိုးသားနှစ်ဦးနဲ့ ဧပြီ ၁၈ ရက်က ဆိုင်းဖရာကျေးရွာကို ဝင်ရောက်စီးနင်းပြီး အမျိုးသား အမျိုးသမီး ယောက် ၃၀ ထက်မနည်းကို ဖမ်းဆီးခဲ့ကာ ဧပြီ ၂၈ ရက်က မှော်ရှန်ရပ်ကွက်မှာရှိတဲ့ နေအိမ်တလုံးမှာ PDF တွေ ဝင်ရောက်နေထိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ်ကို မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013