DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်သို့ ပရဟိတအဖွဲ့များ ဝင်ရောက်ရန် အခက်အခဲဖြစ်နေ
DVB
·
May 17, 2023
မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်သို့ ပရဟိတအဖွဲ့များ ဝင်ရောက်ရန် အခက်အခဲဖြစ်နေ
1 / 5
Donate to DVB

မိုခါမုန်တိုင်းလွန်ကာလမှာ ရခိုင်ပြည်နယ်ရဲ့ မြို့တွေကို မုန်တိုင်းဒဏ်ခံဒေသအဖြစ် စစ်ကောင်စီက ကြေညာခဲ့ပေမဲ့ ရခိုင်ပြည်နယ်ပြင်ပက NGOs၊ CSOs တွေ ပရဟိတအဖွဲ့ တချို့တို့ကို ရခိုင်ပြည်နယ် ဝင်ရောက်လာမှုကို အဟန့်အတားပြုနေတယ်လို့ ပရဟိတအဖွဲ့တခုမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“အစိုးရဘက်က ဘာလုပ်နေလဲမသိပေမဲ့ NGOs CSOs တွေကိုတော့ ပြန်လှည့်ခိုင်းတာတွေ ရှိတယ်။ တောင်ကုတ်ဘက် မရောက်ခင်မှာ ဆက်မသွားရဘူး ဖြစ်နေတယ်။ ရောက်နေတဲ့တဖွဲ့လည်း ရိုးပေါ်က လဝကရုံးမှာ ရှိနေသေးတယ်လို့ သိရတယ်။”

အဖွဲ့ကတော့ ရေသန့်ကတ်တွေ၊ ရေသန့်ပိုးသတ်ဆေးတွေနဲ့ စစ်တွေကို ရောက်နေပါပြီ။ အဓိကက ရေသန့်ပိုးသတ်ဆေးတွေ အရင်လိုအပ်နေတာမို့ ဝင်လို့ရသွားတာလားတော့ မသိဘူး။ စစ်တွေမြို့ပေါ်ထိတော့ ကားဘီးကြီးတွေပဲ ဝင်လို့ရသေးတော့ ပရဟိတ ကားသေးလေးတွေကျ ပစ္စည်းတွေကို ဆိုင်ကယ်နဲ့ သယ်ရတယ်လို့လည်း သူကဆိုပါတယ်။

ခုချိန်ရဲ့ နိုင်ငံရေးအခြေအနေအရ NGOs ၊ CSOs ဘာညာနဲ့ သွားဂုဏ်ဖော်နေရမယ့်အချိန် မဟုတ်ဘူး။ လူသားချင်းစာနာမှု ပရဟိတအနေနဲ့ပဲ သွားလာရမှာပါလို့ ဆိုပါတယ်။

စစ်တွေမြို့ခံတဦးကတော့ “ကိုယ့်မြို့နဲ့ကိုယ် အပျက်အစီးတွေကြား ဘယ်ရောက်နေတာလဲတောင် မခန့်မှန်းတတ်အောင် ဖြစ်ရတယ်။ အပျက်အစီး ရှင်းလင်းနေတာက ပရဟိတအဖွဲ့တွေပဲ များတယ်” လို့ ပြောပါတယ်။

အခြေခံစားကုန်၊ ဆေးဝါး၊ သောက်ရေတွေကတော့ အရေးပေါ် လိုအပ်နေကြောင်းလည်း သိရပါတယ်။

အင်အားအလွန်ပြင်းတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ မေလ ၁၄ ရက်က ရခိုင်ပြည်နယ်ကို ဦးတည် ဝင်ရောက် တိုက်ခတ်သွားတာဖြစ်ပြီး သေဆုံးသူ ရာနဲ့ချီရှိနေကာ နေအိမ်တွေ အဆောက်အဦတွေ အများအပြား ပျက်စီးသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013