DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ်မြို့နယ်တွင် ယာဉ်ဖြတ်သန်းမရအောင် စစ်တပ်က လမ်းများကို ဖျက်ဆီး
DVB
·
May 15, 2023
ကော့ကရိတ်မြို့နယ်တွင် ယာဉ်ဖြတ်သန်းမရအောင် စစ်တပ်က လမ်းများကို ဖျက်ဆီး
Donate to DVB

ကော့ကရိတ်မြို့နယ် တောင်ကြာအင်းကျေးရွာမှာ မေ ၁၄ ရက် မနက် ၈ နာရီခွဲလောက်က ခလရ ၃၄၃ ဒုတပ်ရင်းမှူးဦးစီးပြီး တောင်ကြာအင်း ၁၆ ကုတင်ဆန့်ဆေးရုံရှေ့မှာ ယာဉ်တွေ ဖြတ်သန်း သွားလာလို့မရအောင် စက်ယန္တရားအသုံးပြုပြီး ဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလမ်းမကြီးဟာ ဘားအံ-မြဝတီ(အာရှလမ်း)-ကော့ကရိတ်- ကြာအင်းဆိပ်ကြီးမြို့ကို ချိတ်ဆက် ထားတဲ့လမ်းဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ယာဉ်တွေအသုံးပြုပြီး ရိက္ခာနဲ့ လက်နက် ခဲယမ်းတွေကို သယ်ဆောင်မှာကို စိုးရိမ်ပြီး အခုလို ဖျက်ဆီးလိုက်တာလို့ ဒေသခံတဦးက ထင်မြင်ချက်ပေးပါတယ်။

“တပ်က ဒေသကာကွယ်ရေးတပ်တွေက လက်နက်ခဲယမ်းသယ်မှာဆိုးလို့၊ မြို့ကို ဝင်မှာဆိုးလို့ အခု ရွာသားလား၊ ရန်သူလားဆိုတာ ခွဲခြားရခက်တယ်လေ။ အဲဒီအခြေအနေကြောင့်လည်း ဖြစ်နိုင်တယ်။ အဲဒီလို လမ်းဖြတ်လိုက်တဲ့အခါကျတော့ ဒေသခံတွေအတွက် သာရေးနာရေးတို့၊ စားဝတ်နေရေးတို့၊ ကုန်စည်စီးဆင်းမှုရောင်းဝယ်ဖောက်ကားမှုတို့ အကုန်ထိခိုက်နစ်နာကုန်တယ်။”

အလားတူ ကော့ကရိတ်-ကျိုက်ဒုံလမ်းနဲ့ ကော့ကရိတ်-ကမိုင် ကားလမ်းတွေကိုပါ ယာဉ်သွား ယာဉ်လာတွေ ဖြတ်သန်းသွားလာလို့မရအောင် ဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေ ၆ ရက် မနက်ပိုင်းကစပြီး ကော့ကရိတ်-ကြာအင်းဆိပ်ကြီးလမ်းပေါ်က တောင်ကြာအင်းတံတား ကို စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့် (BGF) ပူးပေါင်းတပ်တွေက ဖြတ်သန်းသွားလာခွင့် ရက်အ ကန့်အသတ်မရှိ ပိတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013