DVB Logo
Home
မြန်မာသတင်း
မိုခါမုန်တိုင်း ကိုကိုးကျွန်းမှ ရေမိုင် ၂၄၅ မိုင်ခန့်၊ စစ်တွေမြို့မှ ၃၁၀ မိုင်ခန့်အကွာတွင် ရောက်ရှိနေ
DVB
·
May 13, 2023
မိုခါမုန်တိုင်း ကိုကိုးကျွန်းမှ ရေမိုင် ၂၄၅ မိုင်ခန့်၊ စစ်တွေမြို့မှ ၃၁၀ မိုင်ခန့်အကွာတွင် ရောက်ရှိနေ
Donate to DVB

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း  “မိုခါ”(MOCHA) ဟာ အရှေ့မြောက်ဘက်ဆီ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၄၅ မိုင်လောက်နဲ့ စစ်တွေမြို့ရဲ့ တောင်-အနောက်တောင်ဘက်ရေမိုင် ၃၁၀ လောက်အကွာမှာ ရောက်ရှိနေတယ်လို့ စစ်ကောင်စီ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ဒါဟာ ဒီကနေ့ မေ ၁၃ ရက် နေ့လယ် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ နောက်ဆုံး ထုတ်ပြန်ထားတာဖြစ်ပြီး အဆိုပါ မုန်တိုင်းဟာ ဟိုင်းကြီးကျွန်းမြို့ကနေ အနောက် ဘက်ရေမိုင် ၂၇၅ မိုင်လောက်နဲ့ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားရဲ့ အနောက်မြောက်ဘက် ရေမိုင် ၃၂၀ လောက်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ရဲ့ တောင်-အနောက်တောင်ဘက် ရေ မိုင် ၃၅၅ မိုင်လောက်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။

မြန်မာ့ပင်လယ်ပြင်မှာတော့ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ မကြာခဏ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးရာကနေ လှိုင်းအလွန်ကြီးမယ်လို့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေကတော့ ၁ နာရီကို မိုင် ၉၀ ကနေ ၁၁၀ လောက်အထိ တိုက်ခတ်နိုင်ပြီးတော့ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက် နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာတော့ တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့ ဆိုပါတယ်။

မိုးသက်လေပြင်းကျချိန် ရေပြင်/မြေပြင်လေကတော့ ၁ နာရီကို မိုင် ၄၀ ကနေ ၄၅ မိုင် လောက်အထိ တိုက်ခတ်နိုင်ပြီးတော့ လှိုင်းအမြင့်ဟာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၁၄ ပေကနေ ၁၈ ပေလောက်နဲ့ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာတော့ ၉ ပေကနေ ၁၃ ပေလောက် ရှိနိုင်တယ်လို့ ဆိုပါတယ်။

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင် လယ်ပြင်မြောက်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာတော့ တိမ်ထူထပ်နေတယ်လို့ ဖော် ပြပါတယ်။

မနက်ဖြန် မေ ၁၄ ရက် မနက်ပိုင်းအထိ ခန့်မှန်းချက်မှာတော့ တနင်္သာရီတိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်တွေမှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ နေရာအနှံ့ အပြားမိုးထစ်ချုန်းရွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊မ န္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင် ပြည်နယ်တွေမှာတော့ ဒေသအလိုက်နဲ့ ပဲခူးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တွေမှာ နေရာ ကွက်ပြီး မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013