
တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ မေ ၁ဝ ရက် တရက်တည်း စစ်ဆေးသူ ၁၆၂ ယောက်မှာ ၁၃ ဦး တွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီ တိုင်းကျန်းမာရေးက မေ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။
အစုလိုက်အပြုံလိုက် ကူးစက်မှုနဲ့ပတ်သက်ပြီး ထားဝယ်မြို့ခံ ပရဟိတအသင်းတွေကို ဆက်သွယ်မေးမြန်းရာ အဆိုပါ အစုလိုက်အပြုံလိုက် ကူးစက်မှုနဲ့ပတ်သက်ပြီး အကူအညီ တောင်းခံတာ မရှိတဲ့အတွက် အတိအကျ မသိရကြောင်း ပြောပါတယ်။
မေ ၆ ရက်ကလည်း ထားဝယ်မြို့မှာ ကိုဗစ်အတည်ပြုလက္ခဏာ စစ်ဆေးတွေ့ရှိရသူ ၆ ဦး တွေ့ရှိခဲ့ပါတယ်။
မေ ၁ ရက်ကနေ ၁၁ ရက်အထိ ထားဝယ်ခရိုင် ၄ မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၃၆ ဦး စစ်ဆေးတွေ့ရှိပြီး ၆ ဦး ဆေးရုံဆင်းခွင့်ရပြီဖြစ်ကြောင်း စစ်ကောင်စီ တိုင်းကျန်းမာရေးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
မေ ၁၁ ရက်ကလည်း ထားဝယ်ခရိုင်အတွင်း ၇၅ ယောက် စစ်ဆေးရာ သရက်ချောင်းမြို့နယ်မှာ ၁ ဦး၊ ရေဖြူမြို့နယ်မှာ ၂ ဦး၊ စုစုပေါင်း ၃ ဦး ကိုဗစ်အတည်ပြုလူနာ အဖြစ် စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
ဧပြီလလယ်ကစပြီး တနင်္သာရီတိုင်းမှာ ကိုဗစ်ကူးစက်သူတွေ ပြန်တွေ့ရှိလာကာ အခု မေလဆန်းပိုင်းမှာတော့ အစုလိုက်အပြုံလိုက် ကူးစက်မှုတွေပါ ရှိလာနေပါတယ်။