DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် မြွေကာကွယ်စောင့်ရှောက်ရေးစင်တာ ဖွင့်လှစ်
DVB
·
May 12, 2023
ရန်ကုန်တွင် မြွေကာကွယ်စောင့်ရှောက်ရေးစင်တာ ဖွင့်လှစ်
Donate to DVB

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ စိတ္တသုခ တပ်ဦးကျောင်းတိုက်ထဲမှာ မြွေတွေကို စနစ်တကျ သက်သောင့်သက်သာနေနိုင်ဖို့ စံပြနေရာအဖြစ် Snake Rescue Center ကို ဖွင့်လှစ်လိုက်ပါတယ်။

ရန်ကုန်မြို့မှာ ဖမ်းမိထားတဲ့ စပါးကြီး၊ စပါးအုံးမြွေတွေကို အဓိက ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

Wildlife of Myanmar အဖွဲ့နဲ့ ရွှေမေတ္တာဖောင်ဒေးရှင်းတို့ ပူးပေါင်းဖွင့်လှစ်ပြီး ဘုရားမြွေတွေကို ထားတာ စနစ်မကျလို့ လိုက်အလှူခံကာ ထိန်းသိမ်းထားဖို့ ဖွင့်လှစ်တယ်လို့ သိရပါတယ်။

ဘုရားတွေက မြွေတွေကို အလှူခံပြီး ကယ်ဆယ်လာတယ့်မြွေတွေကို ပိုးသတ်တာ၊ မြွေတွေကို Quarantine ထားရှိတာ၊ ကျန်းမာရေးစစ်ဆေးတာတွေ ပြုလုပ်ပြီး မြွေတွေကို သဘာဝနဲ့ အနီးစပ်ဆုံးဖြစ်အောင် စနစ်တကျ သက်သောင့်သက်သာ စောင့်ရှောက်ထားပါတယ်။

ရွှေမေတ္တာပရဟိတအသင်းမှ ကိုတိုးအောင်က“ကျနော်တို့က အကောင် ၃၀ ကျော်ရင် သစ်တောကိုစာတင်ပြီး ခွင့်ပြုချက်နဲ့ ဘေးမဲ့နေရာတွေကို လိုက်လွှတ်တာပါ။ အခု Center မှာတော့ ၁၅ ကောင်လောက် ရှိနေပါပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။

တိရစ္ဆာန်တွေ အခက်အခဲ တစုံတရာဖြစ်ရင် Wildlife of Myanmar၊ Snakebite Emergency Case နဲ့ ရွှေမေတ္တာပရဟိတအသင်းတို့မှာ အကူအညီ တောင်းခံနိုင်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013