DVB Logo
Home
မြန်မာသတင်း
မတူပီမြို့အနီး အင်အားရစ်ချ်တာစကေး ၄ ဒသမ ၆ ရှိမြေငလျင်လှုပ်
DVB
·
May 12, 2023
မတူပီမြို့အနီး  အင်အားရစ်ချ်တာစကေး ၄ ဒသမ ၆ ရှိမြေငလျင်လှုပ်
Donate to DVB

ချင်းပြည်နယ်၊ မတူပီမြို့အနီး မေလ ၁၂ ရက် မနက်က  အင်အားရစ်ချ် တာစကေး ၄ ဒသမ ၆ ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခုလှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

မြန်မာစံတော်ချိန် ဒီနေ့မနက် ၃ နာရီ၊ ၁၄ မိနစ်၊ ၅၅ စက္ကန့် အချိန်က ဟားခါးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၇၃ မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံ ပြည်တွင်း မတူပီမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ၂၁  မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၁ ဒသမ ၆၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒသမ ၁၂ ဒီဂရီ၊ အနက် ၇၁ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင် လှုပ်ရှား သွားတာလို့ ဆိုပါတယ်။

အဆိုပါ မြေငလျင်ကြောင့် ထိခိုက် ပျက်စီးမှု အခြေအနေ သတင်းတွေကတော့ မကြားသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013