DVB Logo
Home
မြန်မာသတင်း
မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးကို ညဘက်အသုံးမပြုရန် မြိတ်ပကဖ သတိပေး
DVB
·
May 11, 2023
မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးကို ညဘက်အသုံးမပြုရန် မြိတ်ပကဖ သတိပေး
Donate to DVB

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဖြတ်သန်းသွားလာနေကြတဲ့ ခရီးသွားပြည်သူတွေအနေနဲ့ အခု မေလ ၁၂ ရက်ကစပြီး ည ၈ နာရီကနေ မနက် ၅ နာရီအထိ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ကနေ သတိပေး ထုတ်ပြန်ထားပါတယ်။

အဆိုပါ ပြည်‌ထောင်စုကားလမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်က အရပ်သား ပြည်သူ့ကားတွေ‌ကို အသုံးပြုပြီး ရိက္ခာတင်ပို့လာတာရှိသလို ခရီးသည်တင်ကား၊ ကုန်ကားတွေကို အကာအကွယ်ယူပြီး ယာဉ်တန်းသွားလာနေတာတွေ ရှိနေတဲ့အတွက် အခုလို သတိပေး ထုတ်ပြန်ရတာဖြစ်တယ်လို့ ပြောပါတယ်။

မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူကတော့ “ပြည်သူကိုပြောချင်တာက ကျနော်တို့အနေနဲ့က မစ်ရှင်တခု လုပ်တဲ့အခါမှာ အရပ်သားပြည်သူ ထိခိုက်မှုမရှိအောင် လုပ်‌‌ဆောင်နေပါတယ်။ ဒါ‌ကြောင့် စကစယာဉ်တန်းနဲ့ ခပ်ကွာကွာ လိုက်ပေးပါလို့လည်း အသိပေးလိုပါတယ်” လို့ ပြောပါတယ်။

လက်ရှိ တနင်္သာရီမြို့နယ်အတွင်းမှာ စစ်ကောင်စီဘက်က‌နေပြီး စစ်ကြောင်းထိုး တက်လာတာတွေ ရှိနေပေမဲ့လည်း နှစ်ဖက် ထိပ်တိုက်ထိတွေ့မှုတွေကတော့ မရှိသေးဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်ထောင်စုလမ်းမပေါ်က ဘန်းလမွတ်ကျေးရွာဘက်မှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အဲဒီယာဉ်တန်းနဲ့ ကပ်ပါလာတဲ့ ခရီးသည်ကား ၁ စီး မိုင်းစထိမှန်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်ထောင်စုကားလမ်းမကြီးပေါ်မှာ ဆက်လက်ဖြတ်သန်းသွားလာနေကြတဲ့ ခရီးသည်ကားတွေ အ‌နေနဲ့လည်း အမိုးတာလပတ် အုပ်ပြီးတော့ ဖြတ်သန်းသွားလာတာတွေ မလုပ်ကြဖို့နဲ့ ‌ကားမှန်ချပြီး မောင်းနှင်ပေးကြဖို့ကိုလည်း ပြည်သူ့ကာကွယ်ရေးဘက်ကနေ သတိပေးထားပါသေးတယ်။

အဆိုပါ သတိပေးတားမြစ်ထားတဲ့ကြားကနေ ဖြတ်သန်းသွားလာနေပါက ဖြစ်လာမယ့် ထိခိုက်ပျက်‌စီးမှုတွေကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ကနေ တာဝန်ယူမှာ မဟုတ်ကြောင်းနဲ့ နောက်ထပ် ကြေညာချက် မထုတ်ပြန်ခင်အထိ ပြောင်းလဲသတ်မှတ်သွားမှာ မဟုတ်ကြောင်းကိုလည်း သတိပေး ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013