DVB Logo
Home
မြန်မာသတင်း
မြန်မာနယ်စပ် မယ်ဆိုင်တွင် သေနတ်နှင့်ကျည်ဆန် မျိုးစုံ ၁၀၀ ကျော်ဖမ်းမိ
DVB
·
May 11, 2023
မြန်မာနယ်စပ် မယ်ဆိုင်တွင် သေနတ်နှင့်ကျည်ဆန် မျိုးစုံ ၁၀၀ ကျော်ဖမ်းမိ
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ပေါ်မှာ သေနတ်နဲ့ ကျည်ဆန် မျိုးစုံ ၁၀၀ ကျော် ဖမ်းဆီးရမိတယ်လို့  မယ်ဆိုင်ပရက်စ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

မယ်ဆိုင်မြို့ ကော်ချန့်ရပ်ကွက် ဆရီချိုင်းဖုမ်းအိမ်ရာရှိ  နေအိမ်တစ်လုံးမှာ အိမ်ရှေ့တံခါး အမြဲပိတ်ထားတာကို မသင်္ကာတာကြောင့် တာဝန်ရှိသူတွေက စောင့်ကြည့်နေခဲ့ပြီး  မေလ ၉ ရက် မနက်မှာ နယ်မြေခံရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်နဲ့ အုပ်ချုပ်ရေးရုံးတာဝန်ရှိသူတွေက   သက်ဆိုင်ရာ ရပ်ကွက်လူကြီးထံခွင့်တောင်းကာ  အဆိုပါနေအိမ်ကို သွားရောက်စစ်ဆေးခဲ့ပါတယ်။ 

စစ်ဆေးချက်အရ အဲဒီအိမ်ထဲကနေ ပြောင်းရှည်သေနတ်၊ ပစ္စတို၊ သေနတ်ပြောင်းဝတပ်ကင်မရာ၊ ပစ္စတိုသေနတ်အစိပ်အပိုင်းနဲ့ ကျည်ကပ်၊ အရွယ်အစားအမျိုးမျိုး တံဆိပ်အမျိုးမျိူးပါ ကျည်ဆံတွေအပါအဝင် အမျိုးအစား စုစုပေါင်း ၁၀၀ ကျော်ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် တခြားဒေသကနေပေးပို့လာတဲ့ မဖောက်ရသေးတဲ့ ဂျပ်ဖာပါဆယ်တွေ၊ အသုံးမပြုရ‌သေးတဲ့ ဂျပ်ဖာသစ်တွေပါတွေ့ရှိကြောင်း ၊  လိုအပ်သလိုစစ်ဆေးမေးမြန်းအရေးယူဖို့ အိမ်ပိုင် ရှင်ကို လိုက်လံရှာဖွေလျက်ရှိကြောင်း၊ ဒီတကြိမ် စစ်ဆေးမှုဟာ မေလ ၁၄ ရက် ရွေးကောက်ပွဲမတိုင်ခင် ရာဇဝတ်မှုတွေ စောင့်ကြပ်စစ်ဆေးရှင်းလင်းစဉ် တွေ့ရှိခဲ့တာလို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013