DVB Logo
Home
မြန်မာသတင်း
ဆိုင်ကလုန်းမုန်တိုင်း အန္တရာယ်ရှိ ရခိုင်ပြည်နယ်ဇုန် ၃ ခု NUG အရေးပေါ်ထုတ်ပြန်
DVB
·
May 10, 2023
ဆိုင်ကလုန်းမုန်တိုင်း အန္တရာယ်ရှိ ရခိုင်ပြည်နယ်ဇုန် ၃ ခု NUG အရေးပေါ်ထုတ်ပြန်
Donate to DVB

လက်ရှိခန့်မှန်းထားတဲ့ မုန်တိုင်းလမ်းကြောင်းအရ ဘေးအန္တရာယ် ကျရောက်နိုင်တဲ့ ရခိုင် ပြည်နယ်ထဲက အန္တရာယ်ဇုန် ၃ ခုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက  ထုတ်ပြန် ထားပါတယ်။

မေ ၁၀ ရက် ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ မိုးလေဝသ အရေးပေါ် ထုတ်ပြန် ကြေညာချက် မှာ ဖော်ပြလိုက်တာဖြစ်ပြီး ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းအဆင့်ကနေ အားကောင်းသော မုန်တိုင်းငယ်အဆင့် ရောက်ရှိလာပြီး မြန်မာနိုင်ငံ ကိုကိုးကျွန်း အနောက်တောင်ဘက် မိုင် ၆၅၀ လောက်မှာ  တည်ရှိနေတယ်လို့ ဆိုပါတယ်။

အဆိုပါအားကောင်းသော မုန်တိုင်းငယ်စာ အခုညပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်း(MOCHA အမည်ပေး နိုင်သော အဆင့်)အဆင့်ကို  ရောက်ရှိနိုင်ပြီး ခန့်မှန်းချက်တွေအရ မေ ၁၂ ရက် နဲ့ ၁၄ ရက်အတွင်း အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီး MOCHA အဖြစ်သို့ ရောက်ရှိလာနိုင်တယ်လို့ NUG က ဆိုပါတယ်။

လေတိုက်နှုန်းကတော့ မုန်တိုင်းဗဟိုချက်အနီး ၉၆ မိုင်ကနေ မိုင် ၁၁၀ လောက်အထိ တိုက်ခတ်နိုင်ပြီးတော့ အန္တရာယ်အများဆုံးဇုံအဖြစ် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း (မောင် တောခရိုင်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်) စစ်တွေခရိုင် (စစ်တွေမြို့ နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောမြို့နယ်)တွေဖြစ်ပြီး ဒုတိယအန္တရာယ်အများဆုံးဇုံအဖြစ် ကျောက်ဖြူခရိုင် (ကျောက်ဖြူမြို့နယ်၊ အမ်းမြို့နယ်တောင်ပိုင်း၊ ရမ်းဗြဲမြို့နယ်၊ စနဲ မြို့ နယ်၊ မာန်အောင်မြို့နယ်၊ သံတွဲမြို့နယ်)နဲ့ တတိယအန္တရာယ်အများဆုံးဇုံအဖြစ် သံတွဲ ခရိုင်(ကျိန္တလီမြို့နယ်ခွဲ၊ ဂွမြို့နယ်)၊ ဧရာဝတီတိုင်း ပုသိမ်ခရိုင်၊ (ရွှေသောင်ယံ မြို့နယ်ခွဲ၊ ငရုပ်ကောင်းမြို့နယ်ခွဲ၊ ဟိုင်းကြီးကျွန်း၊ လပွတ္တာမြို့နယ် ကမ်းခြေ ဒေသများ)တွေ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

အဆိုပါ အန္တရာယ်ဇုန် ၃ ခုလုံးမှာ တူညီစွာကြုံတွေ့ရမယ့် အခြေအနေတွေထဲမှာတော့ လေ ပြင်းတိုက်ခတ်တာ၊ လှိုင်းကြီးပြီးတော့ မိုးသက်လေပြင်း ကျရောက်တာ၊ မြေပြိုတာ၊ ရေ လွှမ်းတာတွေစတဲ့ အန္တရာယ်တွေ ကြုံတွေ့နိုင်တဲ့အတွက် အထူးသတိပြု နေထိုင်ကြဖို့ နှိုး ဆော်ထားတာပါ။

ဒါ့အပြင် သဘာဝဘေးနဲ့ ပတ်သက်တဲ့သတင်းတွေကို အများပြည်သူ အထိတ်တလန့် ဖြစ် စေဖို့ ချဲ့ကား ရေးသားတာတွေ မပြုကြဘဲ တတ်နိုင်သမျှ တိကျမှန်ကန်တဲ့ ထုတ်ပြန် ချက်တွေကို ကြည့်ရှု နားထောင်ပြီးတော့ တုံ့ပြန်ဆောင်ရွက်မှုတွေ ပြုလုပ်သင့်တဲ့အပြင် ဘေးအန္တရာယ်ရဲ့ အတိုင်းအဆနဲ့ အခြေအနေပေါ်မူတည်ပြီးတော့ ပြောင်းလဲနိုင်မှုကိုလည်း ဉာဏ်မျက်စိ၊ ဉာဏ်နားနဲ့ သတိပြုသင့်ကြောင်းလည်း အကြံပြုထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအာဘော် သတင်းစာတွေမှာတော့ ဆိုင်ကလုန်းမုန်တိုင်းနဲ့ပတ်သက်ပြီး ရခိုင် ပြည်နယ်အတွင်းက စစ်တွေ၊ ပေါက်တော၊ ​မာန်အောင်၊ တောင်ကုတ်၊ ဂွနဲ့ ကျောက်ဖြူမြို့ တို့မှာ မုန်တိုင်းနားခိုဆောင် ၅၄ ခု ဆောက်လုပ်ပြီးစီးထားပြီးဖြစ်သလို ၆ ဆောင်မှာ ဆောက်လုပ်ဆဲဖြစ်ပြီး အိမ်ထောင်စု ၉၀၀၀ စာအတွက် ရိက္ခာပြင်ထားပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013