
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံး ကိုင်တွယ်ခွင့်ရမဲ့ ဆိုမာလီနိုင်ငံသား ဒိုင်လူကြီး အိုမာအာတန်ဟာ အမေရိကန်ထဲ ဝင်ခွင့် ငြင်းပယ်ခံလိုက်ရလို့ ပြိုင်ပွဲရဲ့ ဒိုင်လူကြီးစာရင်းကနေပါ ပယ်ဖျက်ခံလိုက်ရ ပါတယ်။
အာဖရိက အကောင်းဆုံးဒိုင်လူကြီးဆုရ အာတန်ကို မိုင်ယာမီလေဆိပ်မှာတင် ပြည်နှင်ဒဏ် ပေးခဲ့တာပါ။
အမေရိကန်ဘက်က အကြောင်းပြချက် မပေးပေမဲ့ ဆိုမာလီဟာ ဒေါ်နယ်ထရမ့်ပ်အစိုးရရဲ့ ပြည်ဝင် ခွင့်ပိတ်ပင်ထားတဲ့ နိုင်ငံစာရင်းမှာ ပါဝင်နေပါတယ်။
ဖီဖာ (FIFA) ကလည်း အာတန်တယောက် အခုနှစ်ကမ္ဘာ့ဖလားမှာ တာဝန်ယူနိုင်တော့မှာ မဟုတ်ကြောင်း အတည်ပြုပါတယ်။
ဆိုမာလီအာဏာပိုင်တွေဘက်ကတော့ အာတန်ဟာ တရားဝင်စာရွက်စာတမ်း အပြည့်အစုံနဲ့ သွားတာလို့ ဆိုပါတယ်။
အိမ်ဖြူတော် တာဝန်ရှိသူကတော့ ဒါဟာ နယ်စပ်လုံခြုံရေးအဖွဲရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်လို့ ထောက်ခံကြောင်း ပြောပါတယ်။
Photo:Reuters










