DVB Logo
Home
မြန်မာသတင်း
တစ်သျှူးငှက်ပျော အထွက်နှုန်းကျဆင်းပြီး တရုတ်နိုင်ငံကို မတင်ပို့နိုင်
DVB
·
May 10, 2023
တစ်သျှူးငှက်ပျော အထွက်နှုန်းကျဆင်းပြီး တရုတ်နိုင်ငံကို မတင်ပို့နိုင်
Donate to DVB

တရုတ်နိုင်ငံရဲ့ အပူပိုင်းစိုက်ပျိုးသီးနှံအဖြစ် ဝိုင်းမော်မြို့နယ်မှာ စိုက်ပျိုးထုတ်လုပ်တဲ့ တစ်သျှူးငှက်ပျောတွေဟာ ကိုဗစ်ကာလမတိုင်ခင်က ကုမ္ပဏီကားနံပါတ်အလိုက် ရာနဲ့ချီပြီး တရုတ်ဘက်ကို တင်ပို့နေရာကနေ ခုချိန်မှာ ရာနဲ့ချီတဲ့ ကားတန်းတွေနဲ့ တင်ပို့တာမျိုး မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တစ်သျှူးငှက်ပျောစိုက်ပျိုးရေးသမားတဦးက “အရင်ကဆို နေ့နေ့ညည ကားရာချီနဲ့ သွားနေတာကို။ ဝင်တဲ့ကားတွေရော ဆက်တိုက်ပဲ။ ခုတော့ ကိုဗစ်ရောဂါကြောင့် တရုတ်တွေလည်း ပြန်သွားကြတော့ သေချာမလုပ်နိုင်တာမို့ ငှက်ပျောအထွက်နှုန်း အရမ်းကျတယ်လေ။ ခုတော့ ပြန်စကြတော့မယ်လို့လည်း ပြောနေတယ်” လို့ ပြောပါတယ်။

တစ်သျှူးငှက်ပျောဟာ ရေသွင်း ရေဖျန်းပေးဖို့ ရေရင်းမြစ်များစွာကို သိုလှောင်နိုင်ဖို့ လိုအပ်တာကြောင့် စရိတ်လည်းများတာမို့ ကိုဗစ်ကပ်ရောဂါကြောင့် နှစ်နိုင်ငံ နယ်စပ်ဂိတ်တွေ ပိတ်ထားတာကြောင့် တစ်သျှူးငှက်ပျော စိုက်ပျိုးရာမှာ လိုအပ်တဲ့ စိုက်ပျိုးရေးသုံးပစ္စည်း မြေသြဇာကအစ အားလုံးကို ပြည်တွင်းမှာ ကျန်ရှိသလောက်နဲ့ ဆက်စိုက်ပျိုးနေခဲ့ရတဲ့အတွက် အသီးလှီ အပင်ခြောက်ကာ အထွက်နှုန်းတွေ ကျဆင်းသွားခဲ့ရတာဖြစ်ကြောင်းလည်း ဆိုပါတယ်။

အဓိကက ရေမသွင်း ရေမဖျန်းနိုင်တာလည်း ပါတာပေါ့လို့ ဆိုပါတယ်။ တစ်သျှူးငှက်ပျောစိုက်ခင်းမှာ အလုပ်လုပ်တဲ့သူတွေလည်း လုပ်အားခတွေ မရနိုင်တော့ဘဲ ရွှေ့ပြောင်းသွားရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကန်ပိုက်တည် ကုန်သွယ်ရေးစခန်းရဲ့ စာရင်းတွေအရ တစ်သျှူးငှက်ပျောက အဓိကပို့ကုန်ဖြစ်နေဆဲဖြစ်ပြီး ငရုတ်အစို၊ ဖရဲသီးတို့ကိုလည်း အနည်းငယ် တင်ပို့ခဲ့ကြောင်း သိရပါတယ်။

လွန်ခဲ့တဲ့ ဧပြီလတုန်းက တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ကန်ပိုက်တည်မြို့ မြို့ကျောက်တိုင်ဖွင့်ပွဲ အခမ်းအနားနဲ့ နှစ် နိုင်ငံတာဝန်ရှိသူတွေ တွေ့ဆုံခဲ့ပြီးနောက်မှာ တရုတ်နိုင်ငံဘက်ကို သွားလာနိုင်ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013