DVB Logo
Home
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
ဆိုင်ကလုန်းမုန်တိုင်း ကော့ဘဇားနှင့် ကျောက်ဖြူအကြား ဖြတ်ကျော်ဝင်ရောက်နိုင်ဟုခန့်မှန်း၊ လိမ္မော်ရောင် အဆင့်သတ်မှတ်
DVB
·
May 10, 2023
ဆိုင်ကလုန်းမုန်တိုင်း ကော့ဘဇားနှင့် ကျောက်ဖြူအကြား ဖြတ်ကျော်ဝင်ရောက်နိုင်ဟုခန့်မှန်း၊ လိမ္မော်ရောင် အဆင့်သတ်မှတ်
Donate to DVB

အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းကမ်းခြေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တို့ကြားကနေ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မိုးဇလဌာနက မေလ ၁၀ ရက် ဒီနေ့မနက် ခန့်မှန်းထုတ်ပြန်ပါတယ်။

ဒီနေ့မနက် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ တောင်-အနောက်တောင်ဘက် ရေမိုင်(၄၁၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ရဲ့ တောင်-အနောက်တောင်ဘက် ရေမိုင်(၅၃၀)မိုင်ခန့်၊ စစ်တွေမြို့ရဲ့ တောင်-အနောက်တောင်ဘက် ရေမိုင်(၇၁၀) မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်းရဲ့ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၃၁၀)မိုင်ခန့်၊ ပို့ပလဲယားရဲ့ အနောက်တောင်ဘက် ရေမိုင်(၂၈၀)မိုင်ခန့်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ တောင်-အနောက်တောင်ဘက် ရေမိုင်(၇၇၀)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ဆိုပါတယ်။

မုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာ ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်တဲ့ အခြေအနေရှိလို့ လိမ္မော်ရောင် အဆင့် သတ်မှတ်ထားပြီး မုန်တိုင်း ဗဟို ချက်လေဖိအား (၁၀၀၂) ဟက်တိုပါစကယ်နဲ့  အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် ၃၅ မိုင်နှုန်းဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။

အဆိုပါမုန်တိုင်းငယ်ဟာ နောက် ၉ နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ်အဖြစ်သို့ လည်းကောင်း၊ ဒီနေ့ညပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့လည်းကောင်း၊ မေလ ၁၁ ရက်မနက်မှာ အားကောင်းသေ ာဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့လည်းကောင်း၊ မေလ ၁၂ ရက်မနက်မှာ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်နိုင်တယ်လို့ ခန့်မှန်းထားပြီး မေလ ၁၄ ရက်မှာ ကော့ဘဇားမြို့နဲ့ ကျောက်ဖြူမြို့တို့ကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ 

မုန်တိုင်းအရှိန်ကြောင့် မေ ၁၁ ရက်မှ ၁၅ ရက်အတွင်း  နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊‌ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့တွင် နေရာ စိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီးတချို့ဒေသတွေမှာ မိုးကြီးနိုင်ပါတယ်။ 

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့ဆိုပါတယ်။ 

ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်၊ မိုးကြီး၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုနိုင်လို့ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူတွေ မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူတွေ ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်တာကို ကြိုတင်သတိပြုနေထိုင်ကြဖို့ တိုက်တွန်းပါတယ်။

ပြည်တွင်းလေကြောင်း ပျံသန်းရေးနဲ့ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်၊ သင်္ဘောတွေ ကြိုတင်သတိပြု ရှောင်ရှားနိုင်ဖို့ အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013