DVB Logo
Home
မြန်မာသတင်း
မူဆယ် ၁၀၅ မိုင် တရုတ်လမ်းပိုင်းပြန်ပွင့်ပြီး သရက်သီး အရောင်းအဝယ် ပြန်ဖြစ်
DVB
·
May 9, 2023
မူဆယ် ၁၀၅ မိုင် တရုတ်လမ်းပိုင်းပြန်ပွင့်ပြီး သရက်သီး အရောင်းအဝယ် ပြန်ဖြစ်
Donate to DVB

နယ်စပ် မူဆယ် ၁၀၅ မိုင်  ကုန်သွယ်ရေးဇုန်ကနေ တရုတ်နိုင်ငံကို တင်ပို့မယ့် မြန်မာ သစ်သီးပို့ကုန်ကားတွေဟာ တရုတ်ဘက်အဝင်မှာ အကောက်ခွန်‌စစ်ဆေးမှု ကြန့်ကြာပြီး ရက်အတန်ကြာ ပိတ်မိနေခဲ့ရာက လက်ရှိမှာ လမ်းပိုင်းပြန်ပွင့်လာပြီး အရောင်းအဝယ် ပြန်ဖြစ်လာတယ်လို့ မူဆယ်အခြေစိုက် သစ်သီးပွဲရုံ‌‌တွေဆီက သိရပါတယ်။

ဒါပေမဲ့ ရက်အတန်ကြာ ပိတ်မိပြီး အရည်အ‌သွေးကျဆင်းနေတဲ့ သရက်သီးတွေကိုတော့ လက်ရှိမှာ ပေါက်ဈေးထက် ကြိုက်ဈေးနဲ့သာ ရောင်းချနေရတယ်လို့လည်း ခွာညိုသစ်သီးပွဲရုံက ဆိုပါတယ်။

"(၅)ရက်လောက် ကားပေါ်တင်ထားရလို့ မလတ်ဆတ်တော့တဲ့ သရက်သီးတွေ ချရောင်းရတာဆိုတော့ ပေါက်စျေးထက် ကြိုက်စျေးပေးသလောက်ရောင်းရပြီပေါ့။ ဖရဲစီးပြတ်က  ယွမ် ၄၀၀၀၀-၆၀၀၀၀၊ စိန်တလုံးအိတ်သီး မှည့်ရင် ယွင် ၆၀ ကနေ ၁၀၀၊ လတ်ဆတ်ရင်တော့ ယွင် ၁၀၀ - ၁၃၀ အထိရှိပေမဲ့အနည်းစုပါ။ စျေးကွက်က လမ်းပိုင်းနဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်" လို့ ပြောပါတယ်။

တရုတ်နိုင်ငံဘက်က မေလ ၁ ရက်ကစပြီး သစ်သီးပို့ကုန်တွေကို ကုန်သွယ်ရေးစနစ်သစ်နဲ့ စတင်ပြောင်းလဲ‌လုပ်‌‌ဆောင်ပြီးတဲ့နောက် တရုတ်ဘက်က စစ်ဆေးမှုတွေ နှောင့်နှေးကြန့်ကြာလာပြီး မြန်မာ့သစ်သီးပို့ကုန်တွေ တင်ပို့မှုအပေါ် ထိခိုက်ခဲ့တာ ဖြစ်ပါတယ်။

ကုန်သွယ်ဘက် အင်အားကြီးနိုင်ငံရဲ့ မူဝါဒ အပြောင်းအလဲတွေက လုပ်ငန်းကွင်းဆက် တစ်ခုလုံးအပေါ် သက်ရောက်မှုရှိ‌တာကြောင့် ကုန်သည်တွေ အကြား ဝေဖန်မှုတွေလည်းရှိနေပါတယ်။

" ဒီလောက်တိုးတက်တဲ့နိုင်ငံကြီးက ဘာစနစ်ပြောင်းပြောင်း ဒီလိုမဖြစ်သင့်ဘူး။ နာရီပိုင်းလောက်နဲ့ ပြီးရမယ့် ကိစ္စက နှစ်ရက်လောက်ကြာနေတယ်။ သရက်သီးတွေက ရောင်းကွင်း မရောက်နိုင်ဖြစ်နေတာ။

သရက်သီးတွေ ပျက်စီးတာသိတယ် အ‌ဆင်ပြေအောင် လုပ်မပေးခဲ့ဘူးလို့ မူဆယ်အခြေစိုက် သစ်သီးပွဲရုံ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

အခုရက်ပိုင်းက နယ်စပ်ကုန်သွယ်ရေးက တစ်ဆင့် တရုတ်သီး တင်ပို့တဲ့ကာလဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာတော့ သရက်သီးကို Green Channel ဦးစားပေးအနေနဲ့ အချိန်တိုအတွင်းလွယ်ကူလျင်မြန်စွာ တင်ပို့ခွင့်ကို တရုတ်ဘက်က ခွင့်ပြုပေးခဲ့ပါတယ်။

မြန်မာ့သရက်သီးကို မူဆယ်လမ်းကြောင်းကနေ တရုတ်နိုင်ငံကို အဓိက တင်ပို့နေတာဖြစ်ပါတယ်။ စင်ကာပူနိုင်ငံကိုလည်း အထိုက်အလျောက်တင်ပို့နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013