DVB Logo
Home
မြန်မာသတင်း
စစ်တွေမြို့တွင် အိန္ဒိယနှင့် တိုက်ရိုက်ကုန်သွယ်နိုင်မည့် ဆိပ်ကမ်းဖွင့်လှစ်
DVB
·
May 9, 2023
စစ်တွေမြို့တွင် အိန္ဒိယနှင့် တိုက်ရိုက်ကုန်သွယ်နိုင်မည့် ဆိပ်ကမ်းဖွင့်လှစ်
Donate to DVB

အိန္ဒိယနဲ့ မြန်မာ တိုက်ရိုက်ကုန်သွယ်နိုင်မယ့် အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးစီမံကိန်းတခုဖြစ်တဲ့ စစ်တွေဆိပ်ကမ်းဖွင့်လှစ်ပွဲကို မေ ၉ ရက် မနက် ၁၀ နာရီခွဲက ပြုလုပ်ခဲ့ပြီး သတင်းမီယာသမားတွေ သတင်းယူခွင့် မရဘူးလို့ သတင်းသမားတွေထံက သိရပါတယ်။

အိန္ဒိယဆိပ်ကမ်း တာဝန်ရှိသူတဦးက “သတင်းရယူဖို့ ပြည်နယ်ကောင်စီက ခွင့်ပြုထားရမယ်။ အင်တာဗျူးတွေကတော့ လူကြီးတွေခွင့်ပြုမှ အဆင်ပြေမှာပါ။ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ပြီး ဓာတ်ပုံတွေ ရိုက်ခွင့်မပြုပါ” လို့ ပြောပါတယ်။

ကုလားတန် ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း (KMIT) ရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ စစ်တွေဆိပ်ကမ်းသစ် ဖွင့်လှစ်ပြီး စစ်တွေနဲ့ ကာလကတ္တားဆိပ်ကမ်းကို တန်ချိန် ၅,၀၀၀-၆,၀၀၀ သင်္ဘောတွေ စတင်ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးသွားမယ့် အဆိုပါ အိန္ဒိယဆိပ်ကမ်းဖွင့်လှစ်ပွဲကို သတင်းယူခွင့် မရရှိတာဟာ ပွင့်လင်းမြင်သာမှုမရှိတာကြောင့်လို့ ရခိုင်နိုင်ငံရေးလေ့လာသူတွေက ပြောပါတယ်။

“လွတ်လပ်စွာ သတင်းရယူခွင့်မပြု ဆိုကတည်းက သူတို့မှာ လျှို့ဝှက်ကိစ္စတွေ ရှိနေလို့ပေါ့။ စီးပွားရေးကို အဓိထားပြီး ရခိုင်ပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ အမှန်တကယ် ရှိလာမယ်ဆိုရင် သတင်းသမားတွေကိုတောင် ခေါ်ယူပြီး သတင်းစာရှင်းလင်းပွဲ လုပ်ပေးရမှာ။ မည်သူမဆို လာရောက်လေ့လာခွင့် ရှိရမှာပေါ့။”

အဲဒီဆိပ်ကမ်းကို အိန္ဒိယအစိုးရက အမေရိကန်ဒေါ်လာ သန်း ၁၂ဝ အကုန်အကျခံ တည်ဆောက်ပေးထားတာဖြစ်ပြီး အိန္ဒိယအစိုးရက မြန်မာအစိုးရထံမှ နှစ် ၃ဝ စီမံကိန်းနဲ့ ငှားရမ်းအသုံးပြုသွားမှာလည်း ဖြစ်ပါတယ်။

အဆိုပါ စစ်တွေရှိ အိန္ဒိယဆိပ်ကမ်းဖွင့်လှစ်ပွဲကို အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံက ပြည်ထောင်စုဝန်ကြီးတွေ၊ သံအမတ်တွေ၊ စစ်ကောင်စီအဖွဲ့ဝင် အရာရှိကြီးတွေ၊ ကုန်သည်ကြီးတွေနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013