
အီကွေဒေါနိုင်ငံ၊ မန်တာမြို့က ငါးဖမ်းဆိပ်ခံရဲ့ လက်မှုပညာသည် ဧရိယာမှာ ဇွန် ၆ ရက် မွန်းတည့်ချိန်လောက်က မီးအကြီးအကျယ်လောင်ခဲ့ပြီး သင်္ဘော ၃၅ စင်း ထိခိုက်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ကမ်းခြေကနေ မီတာ ၈၀ လောက်အကွာမှာ ကျောက်ချထားတဲ့ သင်္ဘောတွေကတဆင့် မီးတောက်တွေ ပျံ့နှံ့သွားပြီးတဲ့နောက် ငါးဖမ်းလှေ ၁၄ စင်းနဲ့ လှေငယ် ၂၁ စင်း ပျက်စီးသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အရေးပေါ်အဖွဲ့တွေက မီးကို ထိန်းချုပ်ပြီး ပျက်စီးဆုံးရှုံးမှုတွေကို အကဲဖြတ်နေချိန်မှာ ဆိပ်ကမ်းဧရိယာထဲ ဝင်ရောက်ခွင့်ကို ကန့်သတ်ထားပါတယ်။ မီးလောင်မှုရဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။
မျက်မြင်သက်သေ ဗီဒီယိုထဲမှာ လှေတွေ မီးလောင်နေတာ၊ ဆိပ်ကမ်းပေါ်မှာ မီးခိုးမည်းတွေ အူတက်လာနေတာ၊ မီးလောင်နေတဲ့ လှေတစင်းကို လူတွေ ဆွဲယူနေတာနဲ့ မီးသတ်သမားတွေ မီးငြှိမ်းသတ်နေတာတွေကို မြင်တွေ့ရပါတယ်။











