DVB Logo
Home
မြန်မာသတင်း
အင်းစိန်တွင် မီးလောင်ပြီး နေအိမ် ၁ လုံးနှင့် အိမ်ခန်းတွဲ ၄ ခန်း ပျက်စီး
DVB
·
May 8, 2023
အင်းစိန်တွင် မီးလောင်ပြီး နေအိမ် ၁ လုံးနှင့် အိမ်ခန်းတွဲ ၄ ခန်း ပျက်စီး
Donate to DVB

ရန်ကုန်၊ အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်ရပ်ကွက်၊ ခေမာတောင်လမ်းမှာ မေလ ၇ ရက် မနက်အစောပိုင်းက ဝါယာ‌ရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် နေအိမ် ၁ လုံးနဲ့ အိမ်ခန်းတွဲ ၄ ခန်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဌာနချုပ်ကနေ သိရပါတယ်။

မနက် ၂ နာရီ ၅၆ မိနစ်လောက်က မီးသတင်းရခဲ့တာကြောင့် အင်းစိန်မြို့နယ် မီးသတ်ယာဉ်တွေနဲ့ ကယ်ဆယ်ရေးအသင်းတွေက Level 1 အဆင့်နဲ့ ငြှိမ်းသတ်ခဲ့ရပြီး မနက် ၃ နာရီ ၄၀ လောက်မှာ မီးငြိှမ်းသတ်နိုင်ခဲ့တာပါ။

အင်းစိန်အခြေစိုက် ကယ်ဆယ်ရေးအသင်း တာဝန်ခံတဦးက “မီးလောင်တာက ဝါယာရှော့ဖြစ်လို့ပါ။ အဲ့အိမ်က အထည်ချုပ်လုပ်ငန်းလည်း ဖွင့်ထားတယ်။ အောက်ထပ်မှာက အခန်း ၄ ခန်း ငှားထားတာလို့ ပြောတယ်။ ခြေရင်းဘက်ကအိမ်လည်း မီးနည်းနည်းစွဲသွားတယ်။ လူထိခိုက်တာတော့ မရှိပါဘူး။ မီး စဖြစ်တာနဲ့ အကုန်လုံး ရှောင်နေကြတာ” လို့ ပြောပါတယ်။

မီးလောင်မှုကြောင့် အထည်ချုပ်လုပ်ငန်း ဖွင့်လှစ်ထားတဲ့ ၂ ထပ်တိုက် အဆောက်အဦ အပေါ်တထပ်လုံးနဲ့ အောက်ထပ်ရှိ အိမ်ခန်း ၄ ခန်း မီးလောင်ပျက်စီးသွားပြီး ဘေးကပ်ရက်နေအိမ်တလုံး မီးကူးစက်မှု အနည်းငယ် ရှိခဲ့ပါတယ်။

၂ ထပ်တိုက် အပေါ်ထပ်ကနေ မီးစလောင်တာလို့ ရပ်ကွက်နေသူတွေက ပြောကြပြီး လူထိခိုက်မှု မရှိဘူးလို့ သိရတဲ့အပြင် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ခန့်မှန်း သိန်း ၃၀၀ ကျပ်ခန့် ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်မှာ ပြီးခဲ့တဲ့ မေလ ၁ ရက်က တောင်ဥက္ကလာပမြို့နယ်၊ ၁၃ ရပ်ကွက်မှာ Level 1 အဆင့် မီးလောင်မှုကြောင့် နေအိမ် ၄ လုံး ပျက်စီးဆုံးရှုံးခဲ့သလို မေလ ၄ ရက်ကလည်း သာကေတမြို့နယ်၊ ၆ အရှေ့ရပ်ကွက်မှာ Level 2 အဆင့် မီးလောင်မှုကြောင့် နေအိမ် ၆ လုံးနဲ့ တခြမ်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013